Xperia Pro လည်း ထွက်လာမှာပါ
Nyein Min Wai

Sony ရဲ့ flagship စမတ်ဖုန်းသစ်ဟာ လာမယ့်ဇူလိုင် ၂၄ ရက်နေ့မှာ အမေရိကန်ဈေးကွက်ထဲ တင်ပို့သွားတော့မှာပါ။

Sony Xperia 1 II (mark two လို့ အသံထွက်ပါတယ်) ကို အမေရိကန်ဈေးကွက်မှာ လာမယ့်ဇွန်လ ၁ ရက်နေ့က စလို့ pre-order လက်ခံသွားမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၈ ရက်နေ့အထိ pre-order မှာသူတွေဟာ Sony WF-1000XM3 noise canceling earbuds တစ်စုံ အလကား ပေးသွားမှာပါ။ အမေရိကန်ဈေးကွက်မှာ ဇူလိုင် ၂၄ ရက်နေ့က စပြီး ၁၁၉၉ ဒေါ်လာ(မြန်မာငွေ ၁၇ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။

Photo: The Verge


Sony ဟာ Xperia 1 II မှာ အမိုက်စား ကင်မရာ ၊ ဆန်းပြားတဲ့ ဖျော်‌ဖြေရေးအတွေ့အကြုံ နဲ့ အမြင့်ဆုံး flagship processor တွေ သုံးလာပါတယ်။ ဒီဖုန်းရဲ့ အဓိက feature ဟာ 12MP triple-camera စနစ် ဖြစ်ပါတယ်။ ဆက်တိုက် ဓါတ်ပုံရိုက်ချက်စနစ် ဖြစ်တဲ့ burst mode မှာ 20fps နှုန်းနဲ့ ရိုက်ကူးနိုင်ပြီး portrait shot အတွက် လူနဲ့ တိရစ္ဆာန်တွေရဲ့ မျက်လုံးတွေကို autofocus ချိန်နိုင်ပါတယ်။

Xperia 1 II ဟာ ကိုယ်ရိုက်နေတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို ပရိုကင်မရာတစ်ယောက် ကင်မရာဆက်တင် ချိန်သလို manual control ပိုလုပ်လို့ ‌ရစေမယ့် Photography Pro နဲ့ Cinematography Pro apps တွေနဲ့ လာပါတယ်။ ကင်မရာ sensor အနေနဲ့ Main lens ၊ Ultrawide နဲ့ Telephoto ကင်မရာ သုံးလုံးပါပြီး main sensor နဲ့ telephoto တို့ဟာ OIS နဲ့ PDAF sensor တို့ ပါဝင်ပါတယ်။

Photo: Android Authority


မျက်နှာပြင် ၆.၅ လက်မ 4K HDR OLED display ဟာ 21:9 ratio နဲ့ လာတာကြောင့် တစ်ခြားဖုန်းတွေထက် ပိုပြီး ရှည်လျားပြီး ဖျော်ဖြေရေးအတွေ့အကြုံအတွက် အကောင်းဆုံးခံစားမှု ပေးမှာပါ။ Snapdragon 865 processor ၊ 4000 mAh ဘက်ထရီ ၊ wireless charging စနစ် ပါရှိပြီး 3.5mm headphone jack ပါ ထည့်ပေးထားပါတယ်။

Sony ဟာ မကြာခင်မှာ mmWave 5G ပံ့ပိုးနိုင်တဲ့ Xperia Pro ဖုန်းသစ်ကို မိတ်ဆက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်ဈေးကွက်မှာ Xperia 1 II ကို 4G သီးသန့်ပဲ ဖြန့်ချိသွားမှာ ဖြစ်ပြီး ဥရောပဈေးကွက်မှာ 5G ပံ့ပိုးမှု ပေးသွားမှာပါ။ Xperia Pro မှာ HDMI port နဲ့ ကင်မရာတွေကို ချိတ်ဆက်နိုင်မယ့် micro HDMI cable တစ်ခုလည်း ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က