selfie camera မပါတော့ပါဘူး။

fingerprint scanner နှစ်ခု ၊ screen နှစ်ခုပါတဲ့ ဖုန်းဆိုတာ ဈေးကွက်မှာ တစ်ခါမှ မမြင်ဖူးတဲ့ ဒီဇိုင်းဆိုတာ သေချာပါတယ်။



 

notch display တွေ ခေတ်စားလာချိန် ၊ Face Unlock ကို စံပြနည်းပညာအဖြစ် သုံးလာနေချိန်မှာ ZTE ဟာ Nubia brand စမတ်ဖုန်းသစ်နဲ့နည်းပညာသစ်ကို ပွဲထုတ်သွားမယ်လို့သတင်းထွက်ထားပါတယ်။ သတင်းတွေအရ ZTE ရဲ့ Nubia ဖုန်းသစ်ဟာ notch မပါတော့သလို Oppo Find X နဲ့Vivo NEX တို့လို pop up slider ကင်မရာတွေလည်း သုံးမထားဘူးလို့ဆိုပါတယ်။

ZTE ရဲ့ ဒီဇိုင်းသစ်မှာတော့ display ကို ရှေ့တင်မဟုတ်ဘဲ ကျောဘက်မှာပါ full Screen တစ်ခုသုံးသွားမှာပါ။ Meizu ဟာ တစ်ခါက ရှေ့နောက် display နှစ်ခုပါတဲ့ Meizu Pro 7 မော်ဒယ်ကို ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့ဖူးပေမယ့် ဒီဖုန်းရဲ့ ကျောဘက် screen ဟာ မျက်နှာပြင်အရွယ်အစား ၂လက်မပဲ ရှိတာပါ။ ZTE nubia ဖုန်းသစ်ရဲ့ ဖြစ်နိုင်ခြေဒီဇိုင်းမှာတော့ ကျောဘက်က noti နဲ့အချိန်နာရီပြ screen ဟာ တစ်ပြင်လုံးပြည့် ဖြစ်နေပါတယ်။

ထူးခြားတာက ZTE ဟာ ဆယ်ဖီဆွဲရင် ကျောဘက် ကင်မရာနဲ့ဆွဲရမှာ ဖြစ်ပြီး မြင်နေကျ selfie ကင်မရာစနစ်ကို မသုံးတော့တာပါပဲ။ ရှေ့ကင်မရာကို ဖြုတ်လိုက်ပြီ ဖြစ်လို့Face Unlock လုံခြုံရေးစနစ်ကို သုံးဖို့မဖြစ်နိုင်တော့ပါဘူး။ စိတ်ဝင်စားစရာ ဒီဖုန်းဟာ Fingerprint reader ကို ဖုန်းကိုယ်ထည် တစ်ဘက် တစ်ချက်မှာ ၂ ခုတောင် သုံးသွားမယ်ဆိုတဲ့ အချက်ပါပဲ။

 

ကမ္ဘာပေါ်မှာ ပထမဆုံး ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်း Axon M ကို ထုတ်နိုင်ခဲ့တဲ့ ZTE ဟာ Nubia brand စမတ်ဖုန်းသစ်မှာ ဘာတွေ ထူးခြားအောင် ထည့်သွင်းသွားမယ်ဆိုတာ မသိရသေးသလို ဈေးကွက်မှာ ဘယ်အချိန် ကြေငြာသွားမလဲ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က