တစ်ချို့5G ဖုန်းတွေက ဈေးကွက်ထဲတောင် ရောက်နေပါပြီ

၂၀၁၉ ဟာ စမတ်ဖုန်းသမိုင်းမှာ 5G နဲ့ပတ်သက်ပြီး ပြောစမှတ်တွင်မယ့် နှစ်တစ်နှစ် ဖြစ်တော့မှာပါ။


         ဒီနှစ်ထဲမှာပဲ Samsung ဟာ Galaxy S10 5G ဖုန်းကို မိတ်ဆက်ခဲ့ပြီး 5G ဖုန်းအဖြစ် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ထဲ ပထမဆုံး ဖြန့်ချိနိုင်ခဲ့ပါတယ်။ Huawei ကတော့ 5G ကွန်ရက်အပြင် ခေါက်လို့သိမ်းလို့ပါ ရနိုင်တဲ့ 5G Foldable ဖုန်း Huawei Mate X ကို ကြေညာခဲ့တာကလည်း မှတ်သားစရာပါ။



         ၂၀၁၉ မှာ ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်း maker ဖြစ်တဲ့ Apple ကတော့ 5G iPhone မိတ်ဆက်သွားဖို့မရှိပေမယ့် Android ဖုန်းတွေကတော့ 5G ဖုန်းလောကထဲ ခပ်စောစောပဲ ဝင်ရောက်လာဖို့ရှိပါတယ်။


(၁) Xiaomi Mi Mix 3 5G

Photo: mobileworldlive


         စိတ်ဝင်စားစရာကောင်းတာတစ်ခုက Xiaomi ဟာ 5G ကို Mi Mix 3 မှာကတည်းက အစပျိုးထားခဲ့တာပါ။ ပထမဆုံး 5G ဖုန်းကိုလည်း Xiaomi Mi Mix 3 ကို အဆင့်မြှင့်တင်ပြီး Snapdragon 855 Processor နဲ့ထွက်လာခဲ့ပါတယ်။ ဒီဖုန်းကို မေလ ၂ ရက်နေ့က ဆွစ်ဇာလန်မှာ ဆွစ်ဖရန့်ငွေ ၈၄၇ ဖရန့် ( မြန်မာငွေ ၁၂ သိန်းခွဲကျော်) ဈေးနှုန်းနဲ့ရောင်းချမယ်လို့ကြေညာထားပါတယ်။


(၂) OPPO Reno 10x 5G

Photo: WhistleOut

         

         OPPO ရဲ့ ဖုန်းမော်ဒယ်သစ် Reno series မှာ 10x hybrid zoom စနစ်နဲ့လာတဲ့ OPPO Reno ဟာ 5G ဗားရှင်းလည်း ထွက်ထားပါတယ်။ OPPO Reno 10x 5G ကိုလည်း ဆွစ်ဇာလန်မှာ ရောင်းချနေပြီး ဈေးကတော့ ဆွစ်ဖရန့်၉၉၉ ( မြန်မာငွေ ၁၅ သိန်းနီးပါး) ဈေးသတ်မှတ်ထားပါတယ်။


(၃) OnePlus 7 Pro

Photo: Trusted Reviews

         မေလ ၁၄ ရက်နေ့ထွက်လာမယ့် OnePlus 7 Pro ဟာ notch မသုံးတဲ့ ဖုန်းဖြစ်ပြီး 5G support ပေးသွားမယ်လို့ဆိုပါတယ်။ ဒီဖုန်းမှာ နောက်ထပ် စောင့်ကြည့်ရမှာက Super Smooth ဖြစ်မယ့် display အကြောင်း ဖြစ်ပါတယ်။ ကျောဘက် ကင်မရာ ၃ လုံး သုံးသွားမယ့် OnePlus 7 Pro ဟာ ဈေးအားဖြင့်လည်း OnePlus ဖုန်းတွေထဲမှာ ဈေးအကြီးဆုံး ဖြစ်မှာပါ။


(၄) LG V50 ThinQ 5G

Photo: Tom's Guide

         

         တောင်ကိုရီးယားမှာ မေလ ၁၀ ရက်နေ့ဖြန့်ချိမယ့် LG V50 ThinQ ကလည်း 5G ဖုန်းဖြစ်မယ်လို့သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်ပြုလို့တော့ မရသေးပါဘူး။ Snapdragon 855 SoC နဲ့လာပြီး အအေးပေးစနစ် နဲ့triple lens ကင်မရာစနစ်တွေကိုလည်း ဒီဖုန်းမှာ မြင်ရမှာပါ။


(၅) Sony

Photo: Pocket-lint


         Sony ကနေ မိတ်ဆက်မယ့် 5G ဖုန်းရဲ့ နာမည်နဲ့specs အကြောင်း မသိရသေးပေမယ့် MWC 2019 မှာ Sony ဟာ 5G Prototype မော်ဒယ်ကို ကြေညာခဲ့ပါတယ်။ ဒီဖုန်းဟာ နောက်ထွက်လာမယ့် Xperia 1 ဖြစ်ဖို့ရှိပြီး 4K OLED display နဲ့21:9 လို ultra-wide , extra-tall display အချိုးစနစ် သုံးသွားဖို့ရှိပါတယ်။


(၆) HTC


Photo: valuewalk.com


         

         ၂၀၁၉ ဒုတိယ ၆ လအတွင်း ဈေးကွက်မှာ HTC ထုတ် 5G ဖုန်း မြင်ရမယ်လို့သတင်းတွေ ထွက်ပေါ်နေပေမယ့် အခုထိတော့ ကောလာဟလအဆင့်မှာပဲ ရှိနေပါတယ်။ ဖြစ်နိုင်တာက Snapdragon 855 Processor နဲ့အတူ 5G modem ဖြစ်တဲ့ Snapdragn X50 ကို သုံးသွားဖို့ရှိ့ပါတယ်။



(၇) ZTE Axon 10 Pro 5G

Photo: The Verge


         MWC ပွဲမှာကတည်းက ZTE ဟာ 5G ဖုန်းဖြစ်တဲ့ Axon 10 Pro 5G ကို ကြေညာထားပြီး ဒီဖုန်းဟာ တရုတ် ၊ ဖင်လန် နဲ့သြစတြေးလျဈေးကွက်တွေထဲ ဝင်မယ်လို့သတင်းထွက်နေပါတယ်။ ကျောဘက်မှာ ထူးခြားတဲ့ သုံးလုံးတွဲ ကင်မရာစနစ် ၊ Snapdragon 855 SoC နဲ့မှန်ပြင်အောာက် လက်ဗွေနည်းပညာတွေကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က