iPhone X ထက် အနည်းဆုံး နှစ်ဆ ဈေးပိုကြီးဖို့ရှိပါတယ်။

flip phone တွေကို ဈေးကွက်မှာ မမြင်ရသလောက် ရှားနေပေမယ့် Samsung ကတော့ တန်ဖိုးကြီး luxury brand ခေါက်ဖုန်းတွေကို ထုတ်လုပ်နေဆဲပါ။



samsungw20192.jpg

photo: themobileindian

 

Samsung ဟာ အရင်နှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ W2018 ဆိုတဲ့ Android flip phoneတစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ ဒေါ်လာ ၂၄၀၀ ကျော် (မြန်မာငွေ ၃၄ သိန်းကျော်တန်) ဒီဖုန်းဟာ နာမည်ကြီး iPhone X ထက် ဈေး ၂ ဆကျော်ပိုများတဲ့ luxury ဖုန်းတစ်လုံးဖြစ်ပြီး ဈေးနှုန်းကလွဲရင် ထူးထူးခြားခြား ပြောစရာရယ်လို့မရှိခဲ့ပါဘူး။

ဒီနှစ်မှာ မြင်ရမယ့် Samsung ရဲ့ flip phone ကတော့ အရင်မော်ဒယ်တွေထက် ပိုပြီး သာတဲ့ တစ်ချက် ရှိလာပါတယ်။ ဒါကတော့ Galaxy S9 Plus မှာ သုံးသွားတဲ့ dual camera modules တွေ သုံးသွားမှာပါ။ Project Lykan ဆိုတဲ့ ကုဒ်နာမည်နဲ့လာတဲ့ W2019 ဟာ ကျောဘက်မှာ 12MP +12MP ကင်မရာနှစ်လုံးတွဲ စနစ်နဲ့လာမယ်လို့ဆိုပါတယ်။

 

Galaxy S9+ မှာ သုံးခဲ့တဲ့ ကင်မရာစနစ်မှာ အလင်းဝင်မှု ပုံစံကို အကောင်းဆုံးဖြစ်အောင် အလိုအလျောက် ချိန်ပေးမယ့် mechanical aperture စနစ် ၊ slow mo ဗွီဒီယိုတွေကို 960fps နှုန်းနဲ့720p HD ရုပ်ထွက် ရိုက်ကူးနိုင်သလို Image Signal Processor လိုမျိုး အကောင်းဆုံး ပုံကို ဆွဲထုတ်နိုင်တဲ့ စနစ်များ ပါလာပါတယ်။ ဒီဖုန်းမှာ ကင်မရာချိန်ကွက်ကို ပိုမို တိကျမြန်ဆန်စေတဲ့ ဒုတိယမျိုးဆက် dual-pixel autofocus စနစ်များ ပါလာခဲ့တာ ဖြစ်လို့W2019 မှာရော ဒီလိုမျိုး feature တွေ ပါလာမလား စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တရုတ်မှာ မိတ်ဆက်သွားခဲ့တဲ့ W2018 ဟာ မျက်နှာပြင် ၄.၂ လက်မ Full HD dual Displaysနှစ်စုံ ပါရှိပြီး ထိုအချိန်က အမြင့်ဆုံး processor ဖြစ်တဲ့ Snapdragon 835 Chipset ၊ RAM 6GB/256GB storage အထိ ပါလာခဲ့တာပါ။ Bixby အသံအကူ AI assistant နည်းပညာကို ပထမဆုံး သုံးလာတဲ့ W2018 flip phone ကို တရုတ်မှာ ၁၅၉၉၉ ယွမ် (မြန်မာငွေ ၃၄ သိန်းကျော်) ဈေးနဲ့ရောင်းချခဲ့တာပါ။

[No available link text] 

Samsung ရဲ့ ၁၁ နှစ်ပြည့် W-series flip phone ဖြစ်တဲ့ W2019 ဟာလည်း high-end specs တွေနဲ့လာမယ့် တန်ဖိုးကြီး flip phone အဖြစ် မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က