AI Face Unlock သုံးနိုင်မယ့် ဖုန်းပါ
Nyein Min Wai

ပြည်တွင်း ဈေးကွက်မှာ လူသိနည်းတဲ့ OPPO ရဲ့ brand တစ်ခုဖြစ်ပြီး ဘက်ဂျက်နဲ့တန်ဖိုးသင့်မော်ဒယ်တွေပဲ ဦးတည်ထားတဲ့ Realme ဟာ ရှားရှားပါးပါး budget မော်ဒယ်သစ်ကို ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

27_09_2018-realme_c1_18472182.jpg

Photo: jagran.com

 

အိန္ဒိယဈေးကွက်ထဲမှာ စတင်ကြေငြာလိုက်တဲ့ Realme C1 ဟာ Realme စီးရီးတွေထဲမှာ ဈေးအနည်းဆုံးဖုန်းဖြစ်ပြီး ထူးခြားတာက ခေတ်ပေါ် ဖုန်းတွေရဲ့ ဟန်နဲ့AI စနစ်တွေကို ထည့်သွင်းထားတာပါ။ Realme C1 မှာ မြင်သာတဲ့ အချက်က notch ပါတဲ့ မှန်ပြင်ပြည့်ဒီဇိုင်းကို သုံးထားပြီး ကျောဘက်မှာ dual cameras တွေ ပါရှိတာ ဖြစ်ပါတယ်။

မျက်နှာပြင် ၆.၂ လက်မအရွယ် Realme C1 ဟာ 720p display နဲ့လာပြီး ဘက်ထရီပါဝါအကြီးစားဖြစ်တဲ့ 4230 mAh ဘက်ထရီနဲ့လာပါတယ်။ notch ပါတဲ့ ဖုန်းတွေထဲမှာ ဈေးအနည်းဆုံး ဖြစ်ပြီး ကိုယ်ထည်ဒီဇိုင်းကို 19:9 aspect ratio လိုမျိုး နောက်ဆုံးပေါ် စမတ်ဖုန်းတွေရဲ့ အချိုးအစားအတိုင်း တည်ဆောက်ထားတာကလည်း စိတ်ဝင်စားစရာပါ။

သူ့ရဲ့ အားနည်းချက်ကတော့ RAM နဲ့storage လျှော့ထားတာ ဖြစ်ပါတယ်။ တစ်ဘက်က ကြည့်ရင်တော့ ဘက်ဂျက်ဖုန်းဖြစ်ပေမယ့် RAM 2GB/16GB storage က မနိမ့်ဘူးလို့ပြောနိုင်သလို SD card ကနေ 256GB အထိ ထပ်တိုးနိုင်တာကလည်း ဖုန်းထဲမှာ storage အမြင့် ထည့်သုံးချင်သူတွေအတွက် အဆင်ပြေတယ်လို့ပြောနိုင်ပါတယ်။

တန်ဖိုးနည်း ဖုန်းတစ်လုံးရဲ့ performance အရ အတော်လေး မနိမ့်တဲ့ octa-core Snapdragon 450 processor နဲ့လာတာ ဖြစ်ပြီး ကင်မရာပိုင်းမှာ 13MP+2MP ကင်မရာနှစ်လုံးတွဲ ထုတ်ထားတာပါ။

အလျားလိုက် dual cameras စနစ်ဟာ ရုပ်သံရိုက်ကူးရေးမှာ 1080p ရုပ်ထွက်ကို 30fps နှုန်းနဲ့ရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။ ရှေ့ကင်မရာကတော့ AI Face Unlock နည်းပညာ အသုံးပြုနိုင်တဲ့ 5MP ကင်မရာ နဲ့လာတာပါ။

Realme-C1-1.png

Photo: GSMArena

 

ဒါကြောင့်ပဲ Realme မှ ဒီဖုန်းဟာ အိန္ဒိယဈေးကွက်ထဲကို ရောက်လာတဲ့ entry-level ဖုန်းတွေထဲမှာ ပထမဆုံး SD450 processor ၊ notch ဒီဇိုင်းနဲ့Dual cameras တွေ ပါလာတဲ့ ဖုန်းလို့ကြေငြာထားတာ ဖြစ်ပါတယ်။ ဘက်ဂျက်ဖုန်းလို့ပြောထားတဲ့ အတိုင်း Realme C1 ကို ၆၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်းခွဲ နီးပါး) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


က္က