တရုတ်ဈေးကွက်မှာ အတည်ပြုနေတာပါ
Nyein Min Wai

တရုတ်နိုင်ငံရဲ့ အကြီးဆုံး တယ်လီကွန်းကုမ္ပဏီကြီးနှစ်ခုကတော့ နောက်ထွက်လာမယ့် iPhone သစ်တွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာ သတင်းတစ်ရပ်ကို အတည်ပြုလိုက်ပါပြီ။

gsmarena_003.jpg

Photo: GSMArena

 

စက်တင်ဘာ ၁၂ ရက် iPhone သစ် မိတ်ဆက်ပွဲမှာ Apple ဟာ SIM ကဒ်နှစ်ကဒ်သုံး iPhone တွေ ထုတ်သွားမလားဆိုတဲ့ အချက်ကို အတော်များများက သိချင်နေချိန်မှာ China Mobile နဲ့China Telecom တို့က ပုံနဲ့တကွ သက်သေပြလိုက်တာပါ။

ဒီကုမ္ပဏီကြီး နှစ်ခုရဲ့ Facebook စာမျက်နှာမှာ dual SIM iPhone ပုံကို တင်ခဲ့တာ ဖြစ်ပြီး အများကတော့ ဒါဟာ မျက်နှာပြင် ၆.၁ လက်မ LCD မော်ဒယ်ဖြစ်မယ်လို့ထင်ကြေးပေးနေပါတယ်။  တကယ်လို့ဒီအချက်မှန်မယ်ဆိုရင် ဒါဟာ ပထမဆုံး daul SIM ပါ iPhone ဖြစ်ပြီး တရုတ်ဈေးကွက်အတွက်ပဲ သီးသန့်မိတ်ဆက်သွားဖို့လည်း ရှိနေပါတယ်။

dual SIM စနစ်ကြောင့် ဒီ iPhone ဟာ dual 4G ချိတ်နိုင်တဲ့ modem တစ်ခု ပါလာမှာ ဖြစ်ပြီး တရုတ်နိုင်ငံမှာ သုံးနေတဲ့ ကွန်ရက်တွေနဲ့ကိုက်ညီမှုရှိပါတယ်။ နာမည်ကြီး စမတ်ဖုန်းသတင်းသမား မင်ချိကုအိုကတော့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက Apple ဟာ dual SIM စနစ်ကို မျက်နှာပြင် ၆.၅ လက်မမော်ဒယ်မှာပါ သုံးသွားမယ်လို့သုံးသပ်ခဲ့ဖူးပါတယ်။

တစ်ချို့သတင်းတွေမှာတော့ dual SIM iPhones တွေဟာ သီးသန့်ဈေးကွက်တွေအတွက်ပဲ ဖြန့်သွားမယ်လို့ဖော်ပြထားပါတယ်။ သေချာတာကတော့ တရုတ်ဈေးကွက်မှာ dual SIM iPhones တွေကို ရောင်းချသွားမှာပါပဲ။

iphonexc2.jpg

Photo: The Mobile Indian

 

dual SIM စနစ်နဲ့လာမယ့် မျက်နှာပြင် ၆.၁ လက်မ iPhone ဟာ ဒီနှစ်အတွက် ဈေးအနည်းဆုံး မော်ဒယ်ဖြစ်ပြီး iPhone XC နာမည်နဲ့ထွက်လာမှာပါ။ အနည်းဆုံး ဈေးနှုန်း ဒေါ်လာ ၇၀၀ ခန့်(မြန်မာငွေ ၁၀ သိန်းနဲ့အထက်) ဈေးနဲ့ရောင်းချသွားမယ်လို့သတင်းထွက်နေပါတယ်။


က္က