မေလ ၁၆ ရက်နေ့မှာ မိတ်ဆက်သွားမယ့် ဖုန်းပါ
Nyein Min Wai

 Asus ဟာ ဒီနှစ်ထဲမှာ flagship မော်ဒယ် Zenfone 6 နှစ်မျိုး မိတ်ဆက်သွားမှာ ဖြစ်ပြီး ဒီထဲက တစ်မျိုးဟာ 5G ဗားရှင်းနဲ့လာဖို့ရှိပါတယ်။

         5G ဗားရှင်း Zenfone 6 ဟာ မှန်ပြင်ပြည့် All Screen ဒီဇိုင်းနဲ့လာပြီး notch လုံးဝမပါတဲ့ ဖုန်းအဖြစ် မြင်ရမှာပါ။ ရိုးရိုးမော်ဒယ်ရော 5G ဗားရှင်းမှာပါ Xiaomi Mi Mix 3 နဲ့Honor Magic 2 တို့လို Slider ဒီဇိုင်းသုံးသွားဖို့ရှိပေမယ့် Zenfone 6 မှာ ပိုပြီး ထူးခြားတာက display sliding လုပ်တာကို အပေါ်အောက် နှစ်ဘက်စလုံးမှာ သုံးနိုင်တာပါ။

         ဒီတော့ ဖုန်း display ကို slide down ဆွဲချလိုက်မယ်ဆိုရင် ဆယ်လ်ဖီကင်မရာပေါ်လာမှာ ဖြစ်ပြီး Zenfone 6 ဟာ Wide-angle ကင်မရာတစ်လုံး အပါအဝင် dual selfie ကင်မရာတွေ သုံးသွားဖို့ရှိပါတယ်။ လေးထောင့်စပ်စပ် ကိုယ်ထည်ဟာ ထောင့်စွန်းတွေ ကွေးထားတဲ့ ဒီဇိုင်းသုံးသွားဖို့ရှိပြီး အောက်ခြေမှာ chin ခပ်ကြီးကြီးတစ်ခု ပါလာမှာပါ။ ကျောဘက်မှာ အလျားလိုက် dual camera ဒီဇိုင်းနဲ့fingerprint scanner သုံးထားပါတယ်။

         slider ကို အပေါ် ဆွဲတင်မယ်ဆိုရင် ကင်မရာလုပ်ဆောင်ချက်တွေ ထိန်းချုပ်ပေးမယ့် touchscreen panel တစ်ခု တွေ့ရမှာပါ။ လက်ရှိ ထွက်ထားတဲ့ Render ပုံတွေအရပဲ Zenfone 6 ရဲ့ ဒီဇိုင်းကို ချဉ်းကပ်နိုင်တာ ဖြစ်ပြီး အထဲမှာ သုံးသွားမယ့် specification အနေနဲ့အတိအကျ မသိရသေးပါဘူး။ သတင်းတွေမှာတော့ ဒီဖုန်းဟာ Snapdragon 855 processor နဲ့အတူ အနည်းဆုံး RAM 6GB/128GB storage သုံးသွားဖို့ရှိတယ်လို့ဖော်ပြနေပါတယ်။

         လောလောဆယ် ထွက်ထားတဲ့ ပုံတွေအရ Zenfone 6 မော်ဒယ်နှစ်ခုမှာ တစ်ခုဟာ အသံအရည်အသွေးပိုင်း ပိုကောင်းပြီး နောက်တစ်မျိုးကတော့ ကင်မရာပိုင်းမှာ အားသာချက်တွေ ရှိမယ်လို့ခန့်မှန်းရပါတယ်။ Asus ဟာ Zenfone 6 ကို မေလ ၁၆ ရက်နေ့ဗလင်စီယာမှာ မိတ်ဆက်သွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


က္က