ဗွီဒီယိုရိုက်ကူးမှုမှာ အမြင့်ဆုံး အမှတ်ရထားပါတယ်။
Nyein Min Wai

ကင်မရာစွမ်းရည်တွေ အမှတ်ပေးတိုင်းတာတဲ့ DxOMark မှာ ချန်ပီယံဖြစ်နေတဲ့ Huawei P30 Pro ထက် သာတဲ့ ဖုန်းတစ်လုံး ထွက်လာပြီ ဖြစ်ပါတယ်။

၂၀၁၉ မတ်လထဲမှာ ဈေးကွက်ထဲ မိတ်ဆက်ခဲ့ပြီးနောက် စမတ်ဖုန်းကင်မရာပိုင်းမှာ ထိပ်ဆုံးနေရာက ရှိခဲ့တဲ့ Huawei P30 Pro ကို DxOMark ဟာ ၁၁၂ မှတ်ပေးခဲ့တာပါ။ DxOMark မှာ Huawei P30 Pro နဲ့အတူ အမှတ်တူခဲ့တာက Galaxy S10 5G ဖြစ်ပြီး ဆယ်လ်ဖီကင်မရာမှာ Huawei P30 pro ထက် ၈ မှတ်ပိုများပြီး ၉၇ မှတ်ထိ ရခဲ့ပါတယ်။ မကြာသေးမီက ထွက်လာခဲ့တဲ့ Galaxy Note 10+ 5G ကတော့ ဈေးကွက်ဝင် စမတ်ဖုန်းတွေထဲမှာ ပြိုင်ဘက်ကင်း ကင်မရာရမှတ် ရထားပါတယ်။

Photo: GSMArena

5G စမတ်ဖုန်းတစ်လုံးအနေနဲ့ထွက်လာတဲ့ Galaxy Note 10+ 5G ဟာ ကျောဘက်ကင်မရာ ( ဓါတ်ပုံ ၊ ဗွီဒီယို) ပိုင်း ရမှတ်စုစုပေါင်း ၁၁၃ မှတ်ရထားပါတယ်။DxOMark အရ ဓါတ်ပုံရိုက်ချက်မှာတော့ Huawei P30 Pro ထက် ၁ မှတ်လျော့ပြီး ၁၁၉ မှတ် ရထားပေမယ့် ဗွီဒီယိုရိုက်ကူးမှုမှာ ၄ မှတ်အသာ ( ၁၀၁ မှတ်) ရထားတာ ဖြစ်ပါတယ်။ Galaxy Note 10+ 5G ဟာ ပင်မကင်မရာမှာ Galaxy S10 5G အတိုင်း သုံးထားတာ ဖြစ်ပေမယ့် image processing algorithm ကို ပြုပြင်ထားတာကြောင့် ရလဒ်ပိုကောင်းလာတာပါ။

DxOMark selfie ရလဒ်မှာ Galaxy Note 10+ 5G ဟာ စုစုပေါင်း ၉၉ မှတ်နဲ့အမြင့်ဆုံး စံချိန်တင်ထားပါတယ်။ ဗွီဒီယိုရိုက်ကူးမှုမှာ ၁၀၁ မှတ်အထိ ရခြင်းကိုတော့ အသေးစိတ် ရိုက်ချက်တွေမှာ အဆင့်မြင့်တိကျမှု ၊ အရောင်ကာလာပြတ်သားပြီး ရုပ်ထွက်စုံလင်မှန်ကန်မှုတွေကြောင့် ပေးထားတာပါ။ ဒါတင်မဟုတ်ဘဲ အလိုအလျောက် focus ချိန်တာနဲ့ရိုက်မယ့် အရာဝတ္ထုနောက် ခြေရာခံမှုပိုင်းမှာ မြန်ဆန်တိကျလာတယ်လို့ဆိုပါတယ်။

Photo: mspoweruser

Galaxy Note 10+ 5G ဟာ 12MP dual aperture ၊ 16MP ultra-wide sensor ၊ 12MP tele ကင်မရာနဲ့အတူ VGA Depth Vision sensor တို့ကို သုံးထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ToF sensor ပါဝင်တဲ့ Quad camera နဲ့လာပြီး အရင် Galaxy S10+ မှာလို OIS ရုပ်ငြိမ်စနစ် ၂ မျိုး သုံးထားတာပါ။ DxOMark ရဲ့ မှတ်ချက်အရ အလင်းအားနည်းနေတဲ့ အခြေအနေမျိုးမှာ တစ်ခါတစ်ရံ noise ဝင်တာမျိုး တွေ့ရတယ်လို့ဆိုပါတယ်။

Galaxy Note series ထဲမှာ ပထမဆုံး Plus မော်ဒယ်အဖြစ် ထွက်လာတဲ့ Galaxy Note 10+ 5G ဟာ မျက်နှာပြင် ၆.၈ လက်မရှိပြီး LTE ဗားရှင်းလည်း ထွက်ထားပါတယ်။ 45W Super Fast Charging စနစ် ပါလာတဲ့ 4300 mAh ဘက်ထရီ ၊ Exynos 9825 SoC (တရုတ်နဲ့US မှာတော့ Snapdragon 855 processor) ၊ RAM 12GB နဲ့အတူ 512GB storage ထိ သုံးထားတဲ့ Galaxy Note 10+ ကို အနိမ့်ဆုံး ၁၀၉၉ ဒေါ်လာ ( မြန်မာငွေ၁၆ သိန်းခွဲကျော် ) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က