selfie ပိုင်းမှာ ပိုပြီး အားသာချက်တွေ ရှိနေပါတယ်

စမတ်ဖုန်းလောကမှာ ကင်မရာနဲ့ပတ်သက်လာရင် အထူးသဖြင့် ဆယ်လ်ဖီကင်မရာမှာ Galaxy S10 5G ကို မှီတဲ့ ဖုန်း မရှိသေးပါဘူး။


         DxOMark ဟာ Samsung Galaxy S10 5G ရဲ့ ကျောဘက်ကင်မရာကို ၁၁၂ မှတ်ပေးထားပြီး ရှေ့ဆယ်လ်ဖီကင်မရာကို ၉၇ မှတ်ထိ ပေးထားပါတယ်။ ပြောရရင် ကျောဘက်ကင်မရာစွမ်းရည်မှာ Huawei P30 Pro နဲ့အမှတ်ချင်းတူပြီး ဆယ်လ်ဖီကင်မရာမှာတော့ ၈ မှတ်ပို များနေတာပါ။



Photo: pokde

         Samsung Galaxy S10+ ပုံမှန်ဗားရှင်းဟာ ကျောဘက်ကင်မရာစွမ်းရည် ရမှတ် ၁၀၉ မှတ် ရှိထားပြီး ရှေ့နောက် ToF sensor နှစ်လုံး သုံးထားတဲ့ 5G ဗားရှင်းကတော့ အမှတ်ပိုမြင့်သွားတာပါ။ ဒီမော်ဒယ်နှစ်ခုစလုံးဟာ hardware ပိုင်း သုံးထားတာချင်းမှာ တူနေပြီး 5G မော်ဒယ်ဟာ ရှေ့ဆယ်လ်ဖီမှာပါ 3D ToF Sensor သုံးထားတာ ဖြစ်ပါတယ်။

         Galaxy S10 5G နဲ့Huawei P30 Pro တို့ဟာ ကျောဘက်ကင်မရာရမှတ်ချင်း တူတယ်ဆိုပေမယ့် ရုပ်ငြိမ်ရိုက်ကူးမှုမှာ Huawei P30 Pro ကို မယှဉ်နိုင်ခဲ့ပါဘူး။ တစ်ဖက်မှာလည်း ကျောဘက်ကင်မရာနဲ့ရုပ်သံရိုက်ကူးမှုမှာ Huawei P30 Pro ထက် ၃ မှတ်ပိုမြင့်ခဲ့ပါတယ်။ Selfie ကင်မရာကတော့ Galaxy S10 5G ရဲ့ record တစ်ခု ဖြစ်ခဲ့ပြီး noise reduction နဲ့ရုပ်ဖမ်းတဲ့ Autofocus စနစ်ကလည်း ထူးထူးခြားခြား ကောင်းမွန်ခဲ့ပါတယ်။

Photo: GSMArena

         Bokeh နဲ့ဓါတ်ပုံရိုက်ရာမှာ Samsung ဟာ ultra-wide ကင်မရာအစား telephoto ကင်မရာဆီကနေ အချက်အလက်တွေ သုံးစွဲတဲ့ စနစ်ကို စတင် အသုံးပြုလာပါတယ်။ ပုံတွေမှာ Bokeh အဖြစ် ပြန်ပြီး rendering လို့ဖို့အတွက် ToF sensor ကိုလည်း သုံးမထားပါဘူး။ နောက်တစ်ခုက video recording ပိုင်းမှာ Zoom ဆွဲတာ ၊ flash နဲ့bokeh ဖမ်းတာတွေမှာ ရမှတ်ပိုမြင့်လာပါတယ်။

         Samsung အနေနဲ့Galaxy S10 5G မှာ အခုလို ရလဒ်ကောင်းတွေ ရဖို့အတွက် ဆော့ဖ်ဝဲလ်ပိုင်း ပိုပြီး အဆင့်မြှင့်ထားဖို့လည်း ရှိပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က