ခလုတ်တွေနဲ့ရှုပ်မနေတဲ့ ဖုန်းဖြစ်ဖို့ရှိပါတယ်။

ကမ္ဘာ့စမတ်ဖုန်းလောကမှာ ပထမဆုံး in-display လက်ဗွေစနစ်ကို သုံးလာတဲ့ Vivo APEX ဖုန်းစီးရီးဟာ ရှေ့တစ်ပတ်ထဲမှာ နောက်မော်ဒယ်သစ်ကို မိတ်ဆက်သွားတော့မှာပါ။

Photo: timesnownews




         ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲမှာ Vivo ဟာ MWC 2018 ပွဲနဲ့အတူ အထူးခြားဆုံး ဒီဇိုင်းနဲ့Vivo Apex မော်ဒယ်သစ်ကို ပထမဆုံးအကြိမ် ပြသခဲ့ပါတယ်။ မှန်ပြင်နေရာယူမှု ၉၈% အထိ ရှိလာတဲ့ full screen သုံး ဒီဖုန်းဟာ ပွဲတက်လာသူတိုင်းကို ဆွဲဆောင်နိုင်မှု အရှိဆုံး ဖုန်းဖြစ်ခဲ့ပါတယ်။          

         ဘေးဘောင် မပါသလောက် ဖြစ်လာတဲ့ bezel-less screen ၊ ဆယ်လ်ဖီဆွဲချိန်မှ ပေါ်ထွက်မယ့် pop-up ကင်မရာနဲ့မှန်ပြင်အောက်ခြမ်း တစ်ဝက်လုံးကို လွှမ်းခြုံထားနိုင်တဲ့ UD (under-display) Fingerprint scanner တို့ဟာ Vivo Apex ရဲ့ အထူးခြားဆုံး အသွင်လက္ခဏာတွေ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ထဲ မကြာခင် မိတ်ဆက်သွားမယ့် Vivo Apex 2019 ကရော ဘယ်လောက် ထူးခြားမယ့် ဖုန်းတစ်လုံး ဖြစ်မလဲ။

         Vivo ဟာ ပြီးခဲ့တဲ့နှစ်တစ်လျှောက်လုံး မှော်ဆန်တဲ့ တီထွင်ချက်တွေကို စမတ်ဖုန်းလောကမှာ ထုတ်ပြနိုင်ခဲ့ပါတယ်။ Vivo Apex ကနေ နောက်ဆုံးထွက်ထားတဲ့ Vivo NEX Dual Edition အထိက အံ့သြစရာတွေနဲ့ပြည့်နေခဲ့ပါတယ်။ Vivo NEX Dual Edition ဟာ နာမည်အတိုင်း ရှေ့ရော နောက်ပါ display နှစ်ခု သုံးထားပြီး ရှေ့ကင်မရာ မသုံးဘဲ Lunar Ring နဲ့လာတဲ့ ကျောဘက် ကင်မရာ ၃ လုံးနဲ့စမတ်ဖုန်း ဖြစ်ပါတယ်။

         ၂၀၁၉ မော်ဒယ် Vivo Apex ရဲ့ ကုဒ်နာမည်က The Waterdrop ပါ။ ပုံမှာပါတဲ့အတိုင်း ဘေးဘောင်ကွေးထားတဲ့ curved design ကိုမှ notch မပါ။ bezel မမြင်ရဘဲ ခလုတ်တွေကိုလည်း ဖယ်ထားတဲ့ ပုံစံ ဖြစ်နေပါတယ်။ တစ်နည်းအားဖြင့် ခလုတ်အစား ဖိအားသိစနစ် နဲ့gesture အခြေပြု UI စနစ်တွေ ပါလာမယ့် သဘော ဖြစ်ပါတယ်။ ဒီဖုန်းမှာ RAM အနေနဲ့ပုံမှန် 8GB ကနေ 10GB/12GB အထိ ပါလာဖို့ရှိနေပါတယ်။

         နောက်ထပ် မြင်ရမှာက ဆဌမမျိုးဆက် in-display လက်ဗွေစနစ်ပါလာမယ်လို့ယူဆရပါတယ်။ ဒီလက်ဗွေစနစ်သစ်မှာတော့ sensor အာရုံခံစနစ်က ပိုကောင်းလာသလို fingerprint ကို လက်ဗွေဖတ်နိုင်တဲ့ နေရာက ပိုပြီး ကြီးမား ကျယ်ပြန့်လာမှာပါ။ ဒီစနစ်မျိုးကို Xiaomi ကလည်း မိတ်ဆက်ပြသထားပါတယ်။ processor အနေနဲ့တော့ ဒီဖုန်းဟာ Qualcomm ရဲ့ နောက်ဆုံးထွက် 7nm process နဲ့ထုတ်ထားတဲ့ Snapdragon 855 SoC ဖြစ်ဖို့ရှိပါတယ်။

Photo: Vivo

         Vivo Apex (2019) ကို MWC ပွဲမတိုင်ခင် ဇန်နဝါရီ ၂၄ ရက်မှာ တရားဝင် မိတ်ဆက်သွားမှာ ဖြစ်ပြီး ဒီပွဲမှာ ဒီဖုန်းရဲ့ အချက်အလက်အကြောင်း အသေးစိတ် သိရတော့မှာပါ။ 


ဆက်စပ်အကြောင်းအရာများ



က္က