အာရှဈေးကွက်ကို ပရိုမိုးရှင်းဆင်းပေးဖို့ပါ

OnePlus ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးထွက် flagship မော်ဒယ် OnePlus 7 Pro ကို ကြော်ငြာဖို့Iron Man မင်းသား ရောဘတ်ဒေါင်းနင်းဂျူနီယာကို သုံးသွားတော့မှာပါ။

         ရောဘတ်ဒေါင်းနင်းရဲ့ Weibo ပေါ်မှာ တင်ထားတဲ့ ပို့စ်မှာတော့ သူဟာ McLaren 720S ကားရှေ့မှာ OnePlus 7 Pro ကို ကိုင်ပြီး ရပ်နေခဲ့ပုံနဲ့တွေ့ရသလို သဘောကျတဲ့ နည်းပညာ brand တစ်ခုနဲ့အလုပ်လုပ်ရတာ ကောင်းတယ်လို့ပို့စ်မှာ ဖော်ပြထားပါတယ်။ The Verge သတင်းကတော့ ဈေးကြီးလာတဲ့ OnePlus ဖုန်းတွေဟာ ဟောလီဝုဒ်ရဲ့ ဈေးအကြီးဆုံး သရုပ်ဆောင်တစ်ယောက်နဲ့လက်တွဲပြီး ကြော်ငြာသွားမှာ ဖြစ်လို့နောက်ပိုင်းမှာ OnePlus ထုတ်ကုန်တွေ ပိုဈေးကြီးလာဖို့ရှိတယ်လို့ဆိုပါတယ်။

Photo: Wccftech



         OnePlus ဟာ သုံးစွဲသူတွေကို Hardware specs မြင့်မြင့်နဲ့ဈေးနည်းနိုင်သမျှ နည်းတဲ့ ဖုန်းတွေ ထုတ်လုပ်တာကြောင့် နာမည်ကြီးခဲ့တာပါ။ OnePlus 7/7 Pro လို နောက်ဆုံးထွက်ဖုန်းဟာ အရင် OnePlus 6T ထက် ဒေါ်လာ ၁၀၀ ကျော်ပိုများလာပေမယ့် ရေစိုခံနှုန်း IP rating ထောက်ခံချက် မပါခဲ့ပါဘူး။ ကုမ္ပဏီကတော့ IP certification အတွက် ငွေမဖြုန်းဘူးလို့ပြောခဲ့ပါတယ်။

         ကမ္ဘာ့ဝင်ငွေအမြင့်ဆုံး ရုပ်ရှင်ကားထဲမှာ ပါတဲ့ Avengers: EndGame ကားထဲက အဓိကသရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ Iron Man နေရာမှာ ပါခဲ့တဲ့ ရောဘတ်ဒေါင်းနင်းဂျူနီယာဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း HTC ရဲ့ နှစ်နှစ်တာ ကမ္ဘာ့ဈေးကွက်ကမ်ပိန်းအတွက် အလုပ်လုပ်ပေးခဲ့ပြီး ဒေါ်လာ ၁၂ သန်း ရခဲ့ပါတယ်။

         HTC ဟာ သူ့ရဲ့ စမတ်ဖုန်းတွေကို ရောဘတ်ဒေါင်းနင်း ဂျူနီယာနဲ့ကြော်ငြာခဲ့ပေမယ့် အခုချိန်မှာ စမတ်ဖုန်းဈေးကွက်မှာ အကြီးအကျယ်ရုန်းကန်နေရပါတယ်။ OnePlus နဲ့သူ့အကြား သဘောတူညီထားတဲ့ ဈေးနှုန်းမသိရသေးပေမယ့် တရုတ်နဲ့အိန္ဒိယကို အဓိကထားပြီး အာရှဈေးကွက်ကို ဦးတည်သွားမယ်လို့ဆိုပါတယ်။

Photo: The Verge

         မေလ ၁၅ ရက်နေ့မှာ မိတ်ဆက်ခဲ့တဲ့ OnePlus 7 Pro ဟာ 90Hz refresh rate ပါလာတဲ့ Fluid AMOLED display သုံးထားပြီး OnePlus ဖုန်းတွေထဲမှာ ပထမဆုံး 1440p ရုပ်ထွက်ပါလာတဲ့ ဖုန်းဖြစ်ပါတယ်။ မျက်နှာပြင် ၆.၆၇ လက်မရှိတဲ့ ဒီဖုန်းဟာ pop-up ကင်မရာ ၊ ကျောဘက် triple lens စနစ် ၊ Warp Charege 30 အားသွင်းနည်းပညာသစ်များ ပါလာခဲ့ပါတယ်။

         Snapdragon 855 processor သုံးထားတဲ့ OnePlus 7 Pro အနိမ့်မော်ဒယ် 6GB/128GB ကို ၆၆၉ ဒေါ်လာ ကနေ အမြင့်ဆုံး RAM 12GB/256GB storage ကို ဒေါ်လာ ၇၅၀ ဈေးများနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က