နှစ်ကုန်ပိုင်း ဈေးကွက်ထဲ ဝင်လာဖို့ရှိပါတယ်။

တစ်ချိန်မှာ စမတ်ဖုန်းတွေရဲ့ နေရာကို အစားထိုးလာမယ်လို့မျှော်လင့်ထားတဲ့ Microsoft ထုတ် HoloLens 2 ရဲ့ developer edition ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။


         နှစ်ကုန်ပိုင်း ဈေးကွက်ထဲ ဝင်ရောက်လာဖို့ရှိတဲ့ ဒီထုတ်ကုန်ဟာ ပြင်ပသုံးစွဲသူများအတွက် ဒေါ်လာ ၅၀၀၀ ဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပြီး Development Kit အနေနဲ့ဒေါ်လာ ၃၅၀၀ ဈေးနဲ့ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။ Kit ထဲမှာ HoloLens 2 hardware နဲ့Unity Pro နဲ့CAD data အတွက် Unity PiXYZ Plugin အခမဲ့ စမ်းသုံးခွင့်အပါအဝင် Azure credits တို့ ပါဝင်မှာပါ။

         

Photo: OnMSFT.com


         HoloLens 2 အတွက် support ပေးထားတဲ့ Unreal Engine 4 ပါ Microsoft ဟာ မိတ်ဆက် ပြသခဲ့ပြီး မေလကုန်ပိုင်းမှာ Developer တွေ စတင် အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ Unreal Engine 4 ကနေ Developers တွေဟာ ထုတ်လုပ်မှု ၊ ထုတ်ကုန်ဒီဇိုင်း နဲ့တည်ဆောက်မှု စတဲ့ အပိုင်းတွေမှာ ဓါတ်ပုံကို တကယ်လို ဖြစ်စေမယ့် renders တွေ ပါတဲ့ apps တွေ သုံးနိုင်တော့မှာပါ။

         HoloLens လို့ခေါ်တဲ့ AR headset ကို အလန်ကစ်ပ်မန်းဆိုသူက စတင် တီထွင်ထားတာ ဖြစ်ပြီး မြင်ကွင်းတုနည်းပညာနဲ့ပေါင်းစပ်နိုင်တဲ့ ထုတ်ကုန်လည်း ဖြစ်ပါတယ်။ အလန်ကစ်ပ်မန်းကတော့ စမတ်ဖုန်းခေတ်ကို HoloLens တွေက အစားထိုးလာမယ်လို့ယုံကြည်ထားပေမယ့် R headset သုံး HoloLens တစ်လုံးကို ဒေါ်လာ ၃၀၀၀ (မြန်မာငွေ သိန်း ၄၀ ကျော်) အနည်းဆုံးရှိတာကြောင့် စမတ်ဖုန်းနေရာမှာ တကယ်တမ်း အစားထိုးဖို့မလွယ်သေးပါဘူး။

         Hololens မှာ သုံးထားတဲ့ AR နည်းပညာဟာ တကယ့်အပြင်မှာ မရှိတဲ့ သုံးဖက်မြင်ပုံရိပ်တွေကို အပြင်လောကနဲ့ပေါင်းစပ်ပြီး ပြသတဲ့ နည်းပညာပါ။ AR မျက်မှန်တစ်လက်ဟာ အမြင်ပိုင်း ၊ အသံပိုင်း ၊ ထိတွေ့မှုပိုင်း ၊ အပူအအေး ဖိအားသိစနစ်ပိုင်း အပြင် အနံခံ အာရုံခံ sensor တွေပါ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ လူသုံးကုန်ပစ္စည်းတစ်ခုအနေနဲ့ဈေးကွက်မှာ တွင်ကျယ်ဖို့အချိန်ယူရမှာ ဖြစ်ပေမယ့် HoloLens တွေဟာ သုတေသနနဲ့ပညာရေး နယ်ပယ်တွေမှာ အရေးပါတဲ့ နည်းပညာမြင့် ထုတ်ကုန်လည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က