built-in tracking စနစ် ပါလာပါတယ်။
Nyein Min Wai

စမတ်ဖုန်းနဲ့PC တွေချိတ်ဆက်စရာမလိုတဲ့ Facebook ရဲ့ ကြိုးမဲ့ VR headset သစ်ကတော့ နောက်နှစ်ဆန်းဆို ဈေးကွက်ထဲ ရောင်းချသွားတော့မှာပါ။

https_%2F%2Fblueprint-api-production.s3.amazonaws.com%2Fuploads%2Fcard%2Fimage%2F852904%2Fa1d39244-92aa-4634-8373-7a94093984aa.jpg

Photo: Mashable

 

Oculus Quest နာမည်နဲ့ထွက်လာတဲ့ ဒီ headset သစ်ဟာ အထိအတွေ့ထိန်းချုပ်စနစ်များ ပါရှိပြီး ဂိမ်းပေါင်း ၅၀ ကျော် ကစားနိုင်အောင် ထည့်သွင်း ဖြန့်ချိသွားမယ်လို့ကုမ္ပဏီက ဆိုပါတယ်။ ဘယ်ပြင်ပ device နဲ့မှ ချိတ်ဆက်စရာ မလိုတဲ့ standalone VR headset ဖြစ်ပြီး ဂိမ်းကစားမယ့်သူ ရပ်နေတာ ၊ တွားသွားနေတာကို သိနိုင်တဲ့ built-in ခြေရာခံစနစ် ပါရှိပါတယ်။

မေလဆန်းက ထွက်ခဲ့တဲ့ Oculus Go မှာ ခေါင်းလှည့်တာပေါ်ပဲ လိုက်ပြီး track လုပ်ပေမယ့် ဒီ Oculus Quest ကတော့ တည်နေရာခြေရာခံမှုကို အပြည့်အဝ လုပ်ဆောင်နိုင်တော့မှာပါ။ ဒါ့အပြင် ထိန်းချုပ်ရေး အာရုံခံအနေနဲ့တိုက်ရိုက် real-time လုပ်ဆောင်ပေးနိုင်တဲ့ controller အထိန်း ၂ ခု ထည့်သွင်းထားတယ်လို့ဆိုပါတယ်။

 

ဒီ VR headset ဟာ display ရုပ်ထွက် 1600 x 1440 ပါရှိပြီး built-in အသံနည်းပညာနဲ့အတူ 64GB storage ပါရှိမှာပါ။ ဆော့ဖ်ဝဲလ်အနေနဲ့Oculus Quest ဟာ Oculus Rift ဆော့ဖ်ဝဲလ်တစ်ချို့နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပြီး Rift လိုမျိုး PC မလို ၊ အပြင် ဝိုင်ယာကြိုးဆက်သွယ်မှုတွေ လိုမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

နောက်တစ်ခုကလည်း ဒီ headset ဟာ sensor နဲ့ကွန်ပျူတာအမြင်အာရုံဆော့ဖ်ဝဲလ်တွေ သုံးပြီး ဘေးပတ်ပတ်လည် အနေအထားကို သိနိုင်မှာပါ။ ဒီနည်းပညာတွေကြောင့် တကယ်လို့နံရံတွေနဲ့ပရိဘောဂပစ္စည်းတွေနားကို ဂိမ်းဆော့ရင်း ရောက်သွားမယ် ဆိုရင် ဂိမ်ကစားနေသူကို သတိပေးနေမှာ ဖြစ်ပါတယ်။

IMG_4775-e1538008793271.jpg

Photo: Tech Crunch

 

Facebook ဟာ ၂၀၁၄ ခုနှစ်မှာ Oculus VR headset ကုမ္ပဏီကို ဒေါ်လာ ၃ ဘီလျံနဲ့ဝယ်ခဲ့ပြီးနောက် မေလဆန်းပိုင်းက Oculus Go headset ကို စတင် ထုတ်လုပ်ခဲ့တာပါ။ Oculus Quest ကိုတော့ ၂၀၁၉ နွေဦးမှာ ဈေးကွက်တင်ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။


က္က