မော်ဒယ် ၂ မျိုးနဲ့ထွက်လာမှာပါ။
Nyein Min Wai

Samsung ရဲ့ နာမည်ကြီး flagship စီးရီး Galaxy Note 9 မိတ်ဆက်ပွဲမတိုင်ခင် တစ်ရက်ကြိုပြီး မိတ်ဆက်သွားမယ့် Meizu 16 series ကတော့ စိတ်ဝင်စားစရာတွေ ကြားနေရပါပြီ။

Meizu 16 concept ဒီဇိုင်း (photo: GSMArena)

 

Meizu ဟာ Meizu 16 နဲ့Meizu 16 Plus ဆိုပြီး မော်ဒယ်နှစ်မျိုးကို သြဂုတ်လဆန်းမှာ ကြေငြာသွားမှာပါ။ M882Q နဲ့M892Q ဆိုတဲ့ မော်ဒယ်နံပါတ်တွေနဲ့လာမယ့် ဒီဖုန်းတွေဟာ Meizu ဖုန်းတွေထဲမှာ ပထမဆုံး Snapdragon 845 SoC လို flagship chipset ကို စပြီး သုံးတဲ့ ဖုန်းတွေ ဖြစ်မယ်လို့သတင်းထွက်ထားပါတယ်။ Meizu ဟာ အရင်ကတော့ MediaTek နဲ့Samsung ထုတ် Exynos SoC တွေပဲ သုံးထားတာပါ။

Meizu ဖုန်းတွေထဲမှာ Qualcomm chip ကို ပထမဆုံး သုံးတဲ့ ဖုန်းကတော့ Meizu M6s ဖြစ်ပြီး နောက်ပိုင်းမှာ Meizu 15 မှာလည်း Snapdragon 660 SoC ကို သုံးသွားခဲ့ပါတယ်။ ဒီအချက်ကြောင့် Meizu 16 မော်ဒယ်တွေမှာ Snapdragon SoC တွေ သုံးဖို့ဆိုတာ နီးစပ်နေပါတယ်။ မျက်နှာပြင်အရွယ်အစားမှာ ၅.၈၈ လက်မ AMOLED display သုံး Xiaomi Mi 8 SE ထက် ပိုကြီးမှာပါ။

Meizu 16 နဲ့16 Plus နှစ်မျိုးမှာ မျက်နှာပြင်ပိုကြီးတဲ့ Plus ဗားရှင်းဟာ မှန်ပြင်အောက်လက်ဗွေစနစ်ကို သုံးသွားမယ်လို့ကုမ္ပဏီရဲ့ CEO ကိုယ်တိုင်က ပြောထားလို့Vivo အလွန် in-display fingerprint reader သုံး ဖုန်းတွေထဲမှာ နောက်ထပ် စိတ်လှုပ်ရှားစရာ မော်ဒယ်တစ်ခုကို မြင်ရဖို့ရှိပါတယ်။ ရိုးရိုး Meizu 16 ကတော့ upper mid-range တွေထဲမှာ ခေတ်စားလာနေတဲ့ Snapdragon 710 SoCသစ်ကို သုံးသွားမှာပါ။

Snapdragon 710 SoC သစ်ဟာ သူ့အရင်ထွက်ထားတဲ့ Snapdragon 660 SoC ထက် AI စွမ်းဆောင်ရည်ပိုင်းမှာ ၂ ဆ ပိုမိုသာလွန်ပြီး အင်တာနက်ဒေါင်းလုပ်မြန်နှုန်းကို 800 Mbps နှုန်းအထိ ဆွဲနိုင်တဲ့ X15 modem ပါရှိပါတယ်။ mid-range ဖုန်းတွေအတွက် အကောင်းဆုံးပံ့ပိုးမှုပါတဲ့ ဒီချပ်စ်ကို Xiaomi က Mi 8 SE မှာ စပြီး ပထမဆုံး သုံးသွားခဲ့လို့Meizu 16 ဟာ Mi 8 SE နဲ့ယှဉ်ပြောရမယ့် ဖုန်းတစ်လုံး ဖြစ်ဖို့ရှိပါတယ်။

photo: BGR India

 

Meizu ရဲ့ ဒီဖုန်းနှစ်လုံးကို သြဂုတ်လ ၈ ရက်နေ့မှာ မိတ်ဆက်သွားဖို့ရှိပြီး ဈေးနှုန်းအားဖြင့် ဒေါ်လာ ၆၀၀ ဝန်းကျင်က စတင် ရောင်းချသွားမယ်လို့သတင်းထွက်နေပါတယ်။


Author


က္က