ဒီနှစ်ထဲ မြင်ရမလား

OPPO ကတော့ ပထမဆုံး side pop-up ကင်မရာအတွက် နည်းပညာမူပိုင်ခွင့် တင်ထားပြီ ဖြစ်ပါတယ်။



စမတ်ဖုန်းကုမ္ပဏီတွေအားလုံးလိုလိုဟာ မှန်ပြင်ပြည့်ဖုန်းဖြစ်ဖို့ ရှေ့ကင်မရာကို နည်းလမ်းမျိုးစုံနဲ့ နေရာရွှေ့တာမျိုးတွေ လုပ်နေကြပါတယ်။ ဒီထဲမှာ Notch တွေ၊ punch hole တွေ ၊ pop-up နဲ့ rotating ကင်မရာစနစ်တွေပါ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

OPPO ဟာ ရှေ့ ကင်မရာနဲ့ပတ်သက်ရင် တစ်ခြားဖုန်းတွေနဲ့ မတူခြားနားတဲ့ ပုံစံသစ်တွေ ထွင်တတ်တဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုပါ။ Full Screen စမတ်ဖုန်းတွေ ဖြစ်ဖို့ OPPO ဟာ နည်းလမ်းသစ်တွေ ရှာဖွေနေပါတယ်။

Photo: En24News


ဒီထဲမှာ notch နဲ့ Punch-hole မပါတဲ့ in-display ကင်မရာအထိ ပါဝင်ပါတယ်။ တစ်ခြား စမတ်ဖုန်းကုမ္ပဏီတွေလည်း ရှေ့ကင်မရာနေရာယူမှုကို ဖျောက်ဖို့ လုပ်နေပေမယ့် OPPO ရဲ့ side pop-up ကင်မရာ စနစ်က မြင်နေကျ pop-up ဒီဇိုင်းတွေနဲ့ မတူပါဘူး။

တရုတ်နိုင်ငံ အမျိုးသား ဉာဏမူပိုင်ခွင့်ရုံး CNIPA ရဲ့ database မှာ OPPO ဟာ ဖုန်းညာဘက်ဘေးဘောင်ကနေ pop-up ရှေ့ကင်မရာ တက်လာတဲ့ ဒီဇိုင်းကို မူပိုင်ခွင့်တင်ထားတာ တွေ့ရပါတယ်။ မော်တာစနစ်သုံး side pop-up ကင်မရာဟာ ပါဝါခလုတ်နဲ့အတူ တစ်ဘက်တည်းမှာ ရှိမှာ ဖြစ်ပြီး ဘယ်ဘက်ဘောင်မှာတော့ အသံတိုး/လျှော့နဲ့ SIM-slot သုံးသွားဖို့ ရှိပါတယ်။

Side pop-up ကင်မရာဟာ ဆန်းသစ်တီထွင်မှုအသစ်ရယ်လို့တော့ ပြောလို့ မရပါဘူး။ အခုနောက်ပိုင်းမှာ မှန်ပြင်အောက် under-display နည်းပညာ ခေတ်စားလာခြင်းနဲ့အတူ မှန်ပြင်အောက် ကင်မရာစနစ်ပါ စမ်းသပ်လာပြီ ဖြစ်ပါတယ်။ 

OPPO ဟာ screen မျက်နှာပြင်အပြည့် ဖြန့်မှုကို တစ်သားတည်း ဖြစ်စေပြီး ရှေ့ကင်မရာကို မှန်ပြင်အောက်ဘက်မှာ မြှပ်ထားနိုင်မယ့် နည်းပညာသစ်ကို ကြံဆနေပါတယ်။ OPPO ရဲ့ နမူနာ in-display ကင်မရာ prototype မှာတော့ မျက်စိနဲ့ မမြင်နိုင်တဲ့ ရှေ့ကင်မရာစနစ်ဟာ မှန်အောက်ကနေ ဓါတ်ပုံတွေ ရိုက်ကူးနိုင်ကြောင်း သရုပ်ပြထားပါတယ်။

Share

Loading Next Article...
က္က