Foldable တွေ မေ့လိုက်တော့
Nyein Min Wai

ဖျက်သိမ်းလိုက်တဲ့ ဒီနှစ် MWC 2020 မှာ ပြသသွားမယ်လို့ သတင်းထွက်ခဲ့တဲ့ TCL concept ဖုန်းပုံတွေ ပေါက်ကြားလာပါတယ်။


တရုတ် display ကုမ္ပဏီ TCL ဟာ ခေါက်သိမ်းနိုင် စမတ်ဖုန်းဒီဇိုင်းအများအပြားကို မူပိုင်ခွင့်တင်ထားတဲ့ ကုမ္ပဏီ ဖြစ်ပြီး ဒီထဲမှာ ဘေးဘက်ကနေ ဆွဲဆန့်ထုတ်နိုင်မယ့် Slide-Out display ဒီဇိုင်းသစ်လည်း ပါဝင်ပါတယ်။ TCL ရဲ့ နာမည်ဖော်ပြမထားတဲ့ စမတ်ဖုန်း concept ဒီဇိုင်းတစ်ခုအရ ဒီဖုန်းဟာ လက်ရှိ Foldable ဖုန်း ဒီဇိုင်းတွေနဲ့ လုံးလုံးလျားလျား ကွဲပြားနေတာ တွေ့ရပါတယ်။


Photo: gizmochina

အခု လက်ရှိ ဈေးကွက်ထဲ ရောက်နေတဲ့ Galaxy Fold ၊ Huawei Mate X ၊ Motorola RAZR နဲ့ Samsung Galaxy Z Flip တို့လို ခေါက်သိမ်းနိုင် စမတ်ဖုန်းတွေနဲ့ မတူတဲ့ အချက်က TCL concept ဖုန်းဟာ screen ပိုချဲ့ဖို့အတွက်က ဘေးဘက် ဆွဲထုတ်နိုင်တဲ့ display သုံးထားတာ ဖြစ်ပါတယ်။ နည်းပညာအချက်အလက်တွေအကြောင်း မသိရပေမယ့် screen ဟာ ဖုန်းကိုယ်ထည်အတွင်းမှာ ခေါက်လိပ်ထားတယ်လို့ ယူဆရပါတယ်။

ဒီ concept ဖုန်းဟာ ကျောဘက်မှာ LED flash နဲ့အတူ ထောင်လိုက် Quad-Camera setup သုံးထားပြီး ဖုန်းကျောအလယ်မှာ panel ကို ဆွဲထုတ်နိုင်မယ့် ထောင်လိုက်စင်းပုံစံ တည်ဆောက်ထားပါတယ်။ TCL ဟာ အရင်နှစ် MWC ပွဲမှာလည်း ၇.၂ လက်မအရွယ် Flelxible screen နဲ့ ခေါက်သိမ်းနိုင်မယ့် စမတ်ဖုန်းကို မိတ်ဆက်ပြသခဲ့ပါတယ်။

ဇန်နဝါရီလထဲမှာ ကျင်းပသွားတဲ့ CES 2020 ပွဲမှာတော့ ကုမ္ပဏီရဲ့ ပထမဆုံး TCL အမှတ်တံဆိပ် ဖုန်းတွေ ဖြစ်တဲ့ TCL 10 5G ၊ TL 10 Pro နဲ့ TCL 10 L တို့ကို စတင်မိတ်ဆက်လာခဲ့ပါတယ်။ ဒေါ်လာ ၅၀၀ အောက် ဈေးတွေနဲ့ စတင်ရောင်းချသွားမယ့် ဒီဖုန်းတွေကို မိတ်ဆက်ပြီး ဈေးကွက်ထဲ ဝင်ရောက်လာတာ ဖြစ်လို့ TCL ဟာ စမတ်ဖုန်းဈေးကွက်ကို အရှိန်ပြင်းပြင်း ထိုးဖောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုရမှာပါပဲ။


ဆက်စပ်အကြောင်းအရာများ


က္က