Zeiss ကင်မရာတွေ သုံးလာဖို့ရှိပါတယ်။
Nyein Min Wai

ဂျာမဏီကင်မရာကုမ္ပဏီ Carl Zeiss ရဲ့ နည်းပညာနဲ့ကင်မရာ ၅ လုံး သုံးမယ့် Nokia ဖုန်းသစ်တစ်လုံးရဲ့ ပုံက အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။

Nokia-10-concept.jpg

Photo: Nokia Latest

 

ကျောဘက်မှာ စက်ဝိုင်းသဏ္ဍာန် ကင်မရာ ၅ လုံးပါပြီး ကင်မရာဖွဲ့စည်းပုံ ဒီဇိုင်းက အမြင်ဆန်းနေပါတယ်။ အခုချိန်ထိ ကျောဘက်ကင်မရာ အများဆုံး သုံးတဲ့ ဖုန်းက triple lens လို့ ခေါ်နေတဲ့ ကင်မရာ ၃ လုံးပဲ ရှိသေးတာပါ။ တကယ်လို့ကင်မရာ ၅ လုံးတွဲ ဖုန်းထွက်လာရင်တော့ penta-lens လို့ခေါ်ရတော့မှာပါ။

အန်းဒရိုက်လောကထဲ တစ်ကျော့ပြန် ဝင်ရောက်လာတဲ့ Nokia brand တွေ ထုတ်လုပ်ခွင့် လိုင်စင်ရထားတဲ့ HMD Global ဟာ Nokia သစ်တွေကို ကင်မရာအများအပြားနဲ့ထုတ်လုပ်သွားမလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ သတင်းထွက်လာတဲ့ ပုံမှာတော့ LED flash တစ်လုံးနဲ့IR sensor တစ်ခု အပါအဝင် ကင်မရာ ၅ လုံးတွဲ Nokia ဖုန်းတစ်လုံးကို တွေ့နေရပါတယ်။

ဘေးမှာ Zeiss နာမည်တပ်ထားပြီး ဖုန်းအမျိုးအစားနဲ့နာမည် မသိရသေးပါဘူး။ XDA Developers သတင်းတွေမှာတော့ ဒါဟာ Nokia 9 ဖြစ်မယ်လို့ခန့်မှန်းထားပြီး တစ်ချို့တွေကလည်း Nokia 10 ဖြစ်တယ်လို့ထင်ကြေးပေးနေကြပါတယ်။ အခုချိန်ထိတော့ ဒီသတင်းဟာ ကောလာဟာလအဆင့်မှာပဲ ရှိနေပါတယ်။

HMD Global နဲ့ပူးပေါင်းထားတဲ့ Carl Zeiss ကင်မရာကုမ္ပဏီဟာ ကင်မရာမှန်ဘီလူး အများအပြားပါတဲ့ ကင်မရာစနစ်တစ်ခု အတွက် မူပိုင်ခွင့် တင်ထားပါတယ်။ Zeiss ရဲ့ မူပိုင်ခွင့်မှာ ပြထားတဲ့ ပုံကလည်း Nokia ဖုန်းမှာ သုံးမယ်လို့သတင်းထွက်ထားတဲ့ penta-lens စတိုင် ဖြစ်နေပါတယ်။ Nokia ကိုယ်တိုင်ကလည်း ကင်မရာပိုင်း အဆန်းထွင်မှုလုပ်ထားတဲ့ သမိုင်းကြောင်းတွေ ရှိထားလို့penta-lens တွေကို သုံးဖို့ဖြစ်နိုင်ခြေရှိပါတယ်။

112.PNG

Photo: NDTV

 

HMD ဟာ မကြာသေးခင်က Microsoft ဆီက ကင်မရာနည်းပညာဖြစ်တဲ့ PureView brand တွေကို ပြန်ဝယ်လို့တာ ဖြစ်လို့မကြာခင်မှာ Nokia PureView ဖုန်းတွေ မြင်ရဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က