လာမယ့်နှစ်ဆန်းပိုင်းမှာ မြင်ရဖို့ရှိပါတယ်။

Sony ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ကျောဘက်ကင်မရာ ၆ လုံး သုံးမယ့် Hexa Camera စမတ်ဖုန်းကို မိတ်ဆက်သွားမယ်လို့သတင်းထွက်နေပါတယ်။

         Twitter ပေါ်က စမတ်ဖုန်းသတင်းခန့်မှန်းသူ Max J ရဲ့ Tweet ကို ကိုးကားပြီး Android Authority သတင်းမှာ ဖော်ပြထားတာပါ။ ဒီသတင်းမှာတော့ ဈေးကွက်ထဲ ကြေညာခြင်း မရှိသေးတဲ့ Sony ဖုန်းတစ်မျိုးမှာ 20MP ၊ 8MP ၊ 48MP ၊ 12MP ၊ 16MP နှင့် 0.5MP sensor ဆိုပြီး ကျောဘက်ကင်မရာ ၆ လုံး သုံးသွားမယ်လို့ဆိုပါတယ်။

Photo: GSMArena



         ကျောဘက်မှာ သုံးသွားမယ့် 0.5MP ဟာ ToF sensor ဖြစ်ပြီး ရှေ့ဘက်မှာလည်း 0.3MP ToF sensor နဲ့10MP အရန်ကင်မရာဆိုပြီး ကင်မရာ နှစ်လုံး ၊ စုစုပေါင်း ရှေ့နောက် ကင်မရာ ၈ လုံး သုံးသွားမယ်လို့Max J ကဆိုပါတယ်။ 48MP နဲ့12MP တို့ဟာ f/1.2 aperture သုံးထားပြီး ကျန်တဲ့ ကင်မရာ sensor တွေဟာ f/2.4 aperture ကို သုံးသွားမယ်လို့လည်း သူက ပြောပါတယ်။

         ကင်မရာ Spec တွေဟာ တရားဝင်မိတ်မဆက်ခင်မှာ အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း Max J က ဆိုပါတယ်။ Sony ဟာ နှစ်လုံးတွဲ သုံးလုံးတွဲ ကင်မရာတွေနဲ့မြင်ရခဲတဲ့ စမတ်ဖုန်း brand တစ်ခု ဖြစ်ပြီး နောက်ဆုံးထွက် Sony Xperia 1 မှာ triple lens ကို ပထမဆုံး သုံးလာခဲ့တာပဲ ရှိပါတယ်။ ကျောဘက်ကင်မရာ ၅ လုံးစနစ်ကိုတော့ Nokia 9 PureView မှာ ပထမဆုံး သုံးခဲ့ပြီး Zeiss နဲ့Light တို့ပူးပေါင်း ထုတ်လုပ်ထားတဲ့ RGB ကင်မရာ ၂ လုံးနဲ့monochrome အဖြူအမည်း ကင်မရာ ၃ လုံး သုံးသွားခဲ့ပါတယ်။

Photo: Gizchina


         တကယ်လို့Sony ဟာ hexa lens သုံး စမတ်ဖုန်းကို ကြေညာမယ်ဆိုရင်တော့ တကယ့်ကို အံ့ဖွယ်လို့ဆိုရမှာပါ။ Hexa Lens ဖုန်းလို့သတင်းထွက်နေတဲ့ Sony ဖုန်းဟာ telephoto lens ၊ ultra-wide ကင်မရာ အပြင် မြင်ကွင်းတိုင်းအတွက် အကောင်းဆုံး ရိုက်ချက်တွေ ရိုက်နိုင်မယ့် ကင်မရာတွေ ပါလာဖို့ရှိပြီး ဒီထဲမှာ AR အထူးပြုလုပ်ချက်တွေနဲ့ပိုကောင်းတဲ့ depth ရိုက်ချက်တွေ ရဖို့အတွက် 3D ToF sensor တစ်ခုလည်း ပါလာဖို့ရှိပါတယ်။

         Sony အနေနဲ့ဒီဖုန်းကို ထုတ်လုပ်နေဆဲ အဆင့်မှာပဲ ရှိတယ်လို့GSMArena သတင်းမှာ ဖော်ပြထားပြီး ဒီနှစ်ကုန် ဒါမှမဟုတ် လာမယ့် ၂၀၂၀ ပထမ ၃ လပတ်မှာ တရားဝင် ထွက်လာဖို့ရှိတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က