မှန်ပြင်အောက်လက်ဗွေစနစ်နဲ့လာမှာ့ပါ

Xiaomi ကတော့ Samsung နဲ့တစ်နေ့တည်းမှာ ကုမ္ပဏီရဲ့ flagship မော်ဒယ်ဖြစ်တဲ့ Xiaomi Mi 9 ကို ကြေညာသွားဖို့ရှိပါတယ်။

         တရုတ်မှာ မိတ်ဆက်သွားမယ့် Xiaomi Mi 9 ဟာ notch ဒီဇိုင်းနဲ့လာတဲ့ဖုန်းဖြစ်ပြီး မျက်နှာပြင် ၆.၄ လက်မရှိမယ်လို့ဆိုပါတယ်။ 19:9 ဒီဇိုင်း ကိုယ်ထည်သွယ်ရှည်မယ့် ဒီဖုန်းဟာ FHD+ AMOLED display သုံးသွားဖို့ရှိတာကြောင့် မှန်ပြင်အောက် လက်ဗွေစနစ် ပါလာမယ့်ဖုန်းလို့လည်း သတင်းထွက်နေပါတယ်။



Photo: wccftech

         Xiaomi တည်ထောင်သူ Lei Jun ကနေ weibo ပေါ်တင်ခဲ့တဲ့ ပုံထဲမှာ TFBoys တရုတ်အဆိုတော်အဖွဲ့ဝင် Roy Wang ဟာ ကျောဘက်မှာ ကင်မရာ ၃ လုံးပါတဲ့ Xiaomi Mi 9 ဖုန်း ကိုင်ထားတာ ပြထားတာကြောင့် ဒီဖုန်းဟာ သေချာပေါက် ကင်မရာသုံးလုံးတွဲစနစ်နဲ့လာတဲ့ ဖုန်းဖြစ်မှာပါ။ ကင်မရာကို ကျောဘက်မှာ ထောင်လိုက် ညာဘေးကပ် ၃ လုံးတွဲ စနစ်နဲ့ဖွဲ့စည်းထားပြီး ကင်မရာတွေရဲ့ အောက်မှာ LED flash တစ်ခု ပါလာမှာပါ။

         ရှေ့ကင်မရာအနေနဲ့Sony IMX576 sensor ပါတဲ့ 24MP ဆယ်လ်ဖီကင်မရာ ပါရှိပြီး ရှေ့notch ဒီဇိုင်းမှာ OnePlus 6T နဲ့ခပ်ဆင်ဆင် ဖြစ်ဖို့ရှိပါတယ်။ Xiaomi Mi 9 ဟာ ပရီမီယံတန်းဝင်ဖုန်းဖြစ်လို့နောက်ဆုံးထွက် Snapdragon 855 processor ပါရှိပြီး RAM/storage အတွဲကို 6GB/128GB ကနေ စတင်ထုတ်လုပ်သွားဖို့ရှိပါတယ်။

         ဒီဖုန်းမှာ စိတ်ဝင်စားစရာတစ်ခုက အားသွင်းစနစ်ဖြစ်မှာပါ။ Lei Jun ကတော့ Xiaomi Mi 9 မှာ သုံးမယ့် အားသွင်းစနစ်ဟာ 18W ထွက်တဲ့ Redmi Note 7 ထက် ပိုပြီး မြန်ဆန်တဲ့ အားသွင်းစနစ် ဖြစ်မယ်လို့ဆိုတာကြောင့် 27W charging စနစ် ပါလာမယ်လို့ယူဆရပါတယ်။ fast charging ပါတာကလွဲရင် Mi 9 မှာလည်း wireless charging မြင်ရဖို့မရှိသေးပါဘူး။

         Xiaomi Mi 9 ဟာ အရင် Mi 8 Explorer Edition လိုမျိုး ထွင်းဖောက်မြင်နိုင်မယ့် ကျောဘက် ကိုယ်ထည်ပါဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဈေးနှုန်းအနေနဲ့၂၉၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၈ သောင်းကျော်) ဈေးကနေ စတင်ရောင်းချသွားဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က