ကင်မရာကပဲ သူ့ရဲ့ ဆွဲဆောင်မှုပါ
Nyein Min Wai

၂၀၁၉ မှာ မြင်ရမယ့် အလန်းဆုံး ဖုန်းတွေထဲမှာ Nokia 9 PureView ကို မဖြစ်မနေ ထည့်သွင်းရဖို့ရှိပါတယ်။

Photo: wccftech



        ဈေးကွက်မှာ ကင်မရာ ၄ လုံးအထိ သုံးလာတဲ့ Samsung Galaxy A9 လို ဖုန်းကို အံ့သြလို့မဆုံးခင်မှာ mid-range ဖုန်းတွေ အများဆုံး ထုတ်တဲ့ HMD Global ဟာ ကျောဘက် ကင်မရာ ၅ လုံး ပါမယ့် Nokia ဖုန်းသစ်ကို ၂၀၁၉ နှစ်ဆန်းမှာ ကြေငြာသွားမယ်လို့သတင်းတွေ ထွက်ထားပါတယ်။ အခုဆို Nokia 9 PureView ကို ကိုင်နေတဲ့ ပုံတစ်ပုံ Instagram မှာ တက်လာပြီ ဖြစ်လို့သိပ်မကြာခင် ဈေးကွက်မှာ မြင်ရဖို့ရှိနေပါတယ်။

        Nokia 8 PureView မှာ ကျောဘက်က စက်ဝိုင်းပတ်ပုံစံ ကင်မရာ ၅ လုံးအတွဲကို သုံးသွားဖို့ရှိပြီး ဒီပုံကို တင်ထားတဲ့ Instagram သုံးစွဲသူကတော့ ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တစ်ချို့ပါ မျှဝေသွားပါတယ်။ ဒီဖုန်းဟာ ကင်မရာပိုင်းမှာ ဆန်းသစ် ထူးခြားသလောက် processor ကိုတော့ ၂၀၁၈ ရဲ့ high-end chipset အဖြစ် ထွက်ထားတဲ့ Qualcomm 845 SoC ကိုပဲ သုံးသွားမယ်လို့ဆိုပါတယ်။

        5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ ပံ့ပိုးမှု ပါဝင်တဲ့ Qualcomm 855 SoC ကို မိတ်ဆက်ပြီး ဖြစ်လို့၂၀၁၉ ထွက် high-end အန်းဒရိုက်ဖုန်းတွေမှာ ဒီ chipset ကို မဖြစ်မနေ သုံးသွားမှာပါ။ Nokia 9 PureView ဟာ မျက်နှာပြင် ၅.၉ လက်မ FullHD+ display နဲ့လာပြီး RAM 8GB/128GB storage အထိ ပါဝင်မယ်လို့ဆိုပါတယ်။ ဒီဖုန်းမှာ 4150 mAh ဘက်ထရီ နဲ့အတူ ရှေ့ဘက် ဆယ်လ်ဖီကင်မရာတစ်လုံး သုံးသွားဖို့လည်း ရှိပါတယ်။

 
Photo: wccftech       

        ကင်မရာ ၅ လုံးပါလို့penta-lens လို့ခေါ်တဲ့ Nokia 9 PureView ကို အနီးစပ်ဆုံး မြင်ရမယ့်အချိန်က လာ့စ်ဗီးဂတ်မှာ ကျင်းပမယ့် CES 2019 ဖြစ်ဖို့များပါတယ်။ ဒီပွဲမှာ Nokia 9 PureView နဲ့အတူ ၂၀၁၉ စမတ်ဖုန်းနှစ်ကို ဖော်ဆောင်မယ့် နည်းပညာသစ်နဲ့ဖုန်းအမြင့်တွေလည် မြင်ရမှာပါ။ အထူးသဖြင့် 5G ဖုန်းတွေကို ၂၀၁၉ မှာ မြင်ရဖို့ရှိပြီး ဒီဇိုင်းပိုင်းလည်း ဆန်းသစ်လာဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က