နောက်ဆုံးပေါ် in-display လက်ဗွေနည်းပညာ သုံးသွားဖို့ရှိပါတယ်

Xiaomi ရဲ့ ထိပ်တန်းအမှုဆောင်တစ်ယောက်ဟာ ကျောဘက် ကင်မရာ ၃လုံးပါတဲ့ ဖုန်းတစ်မျိုးကို သုံးနေတဲ့ ပုံတစ်ပုံ လူမှုကွန်ရက်ပေါ် ရောက်လာခဲ့ပါတယ်။ ဒီဖုန်းဟာ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ မြင်ရမယ့် Xiaomi Mi 9 များလား။

Photo: gizchina



         Xiaomi ရဲ့ ထုတ်ကုန်မန်နေဂျာ Wang Teng ဟာ Mi 9 လို့ယူဆရတဲ့ ဖုန်းမော်ဒယ်သစ်တစ်မျိုး သုံးနေစဉ်မှာ တစ်ယောက်ယောက်က ဓါတ်ပုံရိုက်ထားပြီး အွန်လိုင်းပေါ် တင်ခဲ့တာပါ။ Weibo လူမှုကွန်ရက်ပေါ်မှာ ဒီပုံတက်လာပြီးနောက် မကြာခင်မှာ ဖြုတ်ချခံခဲ့ရပါတယ်။

         ပုံအရဆိုရင် ဒါဟာ Xiaomi Mi 9 ဖြစ်ဖို့ရှိပြီး Mi 8 တုန်းကအတိုင်း ကျောဘက် ထောင်လိုက် dual ကင်မရာတွေကိုမှ သုံးလုံးတွဲ စနစ်နဲ့လာတာပါ။ အောက်ခြေမှာ Mi logo ကို ပုံထဲမှာ တွေ့နေရပြီး ကျောဘက်မှာ fingerprint မပါတော့တာက မြင်သာပါတယ်။ ဒါဆိုရင် လက်ဗွေလုံခြုံရေးစနစ်က ဘယ်ရောက်သွားမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

         Xiaomi flagship စီးရီးဖြစ်တဲ့ Xiaomi Mi 9 ဟာ Mi 8 Explorer Edition လိုမျိုး မှန်ပြင်အောက်လက်ဗွေနည်းပညာ သုံးမယ့် ဖုန်းဖြစ်ပြီး လက်ဗွေဖတ်နိုင်တဲ့ မှန်ပြင်နေရာက အရင်ကထက် ၅ ဆ ပိုများလာမှာပါ။ ၂၀၁၉ နှစ်ဆန်းကတည်းက Xiaomi ဟာ screen ပေါ် နေရာယူမှုများတဲ့ in-display လက်ဗွေနည်းပညာသစ်ကို မိတ်ဆက်ထားပါတယ်။



         ဒီနည်းပညာသစ်ဟာ unlock လုပ်နိုင်တဲ့ ဧရိယာကို 50mm x 25mm အထိ ချဲ့ပေးနိုင်တာကြောင့် ဖုန်းကို လော့ခ်ဖွင့်ရာမှာ ပိုပြီး အဆင်ပြေ လွယ်ကူသွားမှာ ဖြစ်ပါတယ်။ ကင်မရာအနေနဲ့Xiaomi Mi 9 ဟာ Sony IMX586 sensor သုံး 48MP ကင်မရာကို အထိုင်ထားပြီး 12MP အရန်ကင်မရာနဲ့3D ToF depth sensor ပါတဲ့ ဖုန်းဖြစ်ဖို့ရှိပါတယ်။

         မျက်နှာပြင် ၆.၄ လက်မရှိမယ့် ဒီဖုန်းဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 855 SoC စနစ် ၊ RAM အမြင့်ဆုံး 8GB/256GB အထိ သုံးသွားဖို့ရှိပါတယ်။ ဘက်ထရီပါဝါအကြောင်းမသိရသေးပေမယ့် Xiaomi CEO လိုင်ဂျန်ကတော့ ကမ္ဘာ့အမြန်ဆုံး အားသွင်းနည်းပညာသုံးမယ်လို့ပြောထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က