iPhone တွေအတွက် အရင်ဆုံး ထုတ်သွားဖို့ရှိပါတယ်။

ဖုန်းလွတ်ကျတိုင်း မပျက်စီးအောင် ကာကွယ်ပေးတဲ့ case တွေအများကြီး ကျွန်တော်တို့မြင်ဖူးခဲ့ပါတယ်။ ဒီတစ်ခုကတော့ အရင့်အရင် ဖုန်း case တွေနဲ့လုံးဝကွဲပြားနေမှာပါ။



 

ဂျာမန်အင်ဂျင်နီယာကျောင်းသားတစ်ဦးဟာ ဖုန်းလွတ်ကျတိုင်း လေထဲမှာတင် ဖုန်းကို ကာကွယ်ပေးမယ့် စနစ်တစ်မျိုးကို တီထွင်ခဲ့ပါတယ်။ ဖီးလစ်ဖရန်ဇယ်ဟာ လေထဲမှာတင် လေထီးသဖွယ် အလိုအလျောက် ဖွင့်ပေးမယ့် ဖုန်း case တစ်ခုကို ဖန်တီးခဲ့တာ ဖြစ်ပြီး ဗွီဒီယိုဖိုင်တစ်ခုနဲ့လက်တွေ့စမ်းသပ်ပြသခဲ့ပါတယ်။

ဒီ case ဟာ ပုံမှန်အနေအထားမှာ ဖုန်းကိုယ်ထည်ထဲ ဖွက်ထားမှာ ဖြစ်ပြီး လေထဲ လွတ်ကျသွားမှသာ ဖုန်းထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးမယ့် ခြေထောက်များ ထွက်ပေါ်လာမှာပါ။ ဖုန်းလက်ကနေ လွတ်ပြီး လေထဲ ရောက်သွားတာကိုတော့ case မှာပါတဲ့ built-in sensors တွေကနေ free fall အနေအထားကို သိရှိပြီး case ထောင့်လေးထောင်မှာပါတဲ့ စပရင်ခြေထောက် ၈ ချောင်းကို အလိုအလျောက် ပွင့်စေမှာ ဖြစ်ပါတယ်။

 

ဖုန်းကို ကာပေးတဲ့ case ရဲ့ ခြေထောက်များကိုတော့ သုံးစွဲသူဟာ နောက်တစ်ကြိမ် လွတ်ကျချိန်မှာ ပြန်ပွင့်စေဖို့case ထဲ ပြန်ခေါက်သိမ်းပေးရမှာပါ။ Aalen University ကျောင်းသား ဖီးလစ်ဖရန်ဇယ်ဟာ ဒီတီထွင်ချက်ကြောင့် ဂျာမန် Mechatronics အစည်းအရုံးမှ top award ဆုချီးမြှင့်ခံခဲ့ရပါတယ်။ ဒီ case ဟာလက်ရှိမှာတော့ ဒီဇိုင်းအနေနဲ့prototype အနေနဲ့ပဲ ရှိသေးတယ်လို့ဆိုပါတယ်။

 

ဖရန်ဇယ်ဟာ ဒီနည်းပညာအတွက် မူပိုင်ခွင့် တင်ထားပြီ ဖြစ်လို့မကြာခင်မှာ ဈေးကွက်ထဲကို ရောက်လာဖို့လည်း ရှိပါတယ်။ ADcase ဝက်ဘ်ဆိုက်မှတော့ ဒီ case ကို တင်ထားပြီး iPhone မော်ဒယ်တွေမှာ ပထမဆုံး အသုံးပြုလို့ရအောင် ထုတ်လုပ်သွားဖို့ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က