Face ID ကို iPhone သစ်တိုင်းမှာ သုံးသွားဖို့ရှိပါတယ်။
Nyein Min Wai

ဒီနှစ်ထဲ Apple ဟာ iPhone မော်ဒယ် ၃ မျိုးကို မိတ်ဆက်သွားမှာ ဖြစ်ပြီး တန်ဖိုးအကြီးဆုံးနဲ့တန်ုဖိုးအနည်းဆုံး iPhone နှစ်မျိုးရဲ့ အနီးစပ်ဆုံးနမူနာ ဒီဇိုင်းတွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

[No available link text] 

iPhone ဒီဇိုင်းသစ်တွေကို ဦးဦးဖျားဖျား သတင်းဖြန့်သူတစ်ဦး ဖြစ်တဲ့ ဘန်ဂျမန် ဂတ်စ်ကင်ဟာ မျက်နှာပြင် ၆.၅ လက်မ နဲ့မျက်နှာပြင် ၆.၁ လက်မ LCD display သုံး မော်ဒယ်နှစ်ခုကို Twitter မှာ တင်ခဲ့တာပါ။ iPhone သမိုင်းမှာ မျက်နှာပြင်အကြီးဆုံး ၆.၅ လက်မမော်ဒယ်ကို iPhone X Plus လို့နာမည်ပေးသွားဖို့ရှိပြီး ဒီဇိုင်းပိုင်းမှာတော့ iPhone X နဲ့အတော်ဆင်ပါတယ်။

Dummy မော်ဒယ်အနေနဲ့မြင်ရတဲ့ ဒီဖုန်းတွေဟာ တရုတ် supply chain သတင်းအရင်းအမြစ်တွေဆီက လာတဲ့ သတင်းတွေကို အခြေခံပြီး ထွက်လာတာပါ။ Apple ဟာ ဒီနှစ်ထဲမှာ မျက်နှာပြင် ၅.၈ လက်မနဲ့၆.၅ လက်မအရွယ် OLED panel သုံး တန်ဖိုးကြီး iPhone နှစ်လုံးနဲ့အတူ LCD display ပါ iPhone တစ်လုံး မိတ်ဆက်သွားဖို့ရှိပါတယ်။

၂၀၁၈ မော်ဒယ် iPhone ကစပြီး Apple ဟာ home button မသုံးတဲ့ iPhone တွေပဲ ဆက်ထုတ်သွားဖို့ရှိပါတယ်။ Touch ID နဲ့Home Button မပါတော့တာကတော့ ဆယ်နှစ်တာ iPhone သမိုင်းမှာ လွမ်းစရာ ဖြစ်တော့မှာပါ။ စိတ်ဝင်စားဖို့ကောင်းတာက ပြီးခဲ့တဲ့နှစ် iPhone X ကစပြီး ဘက်ထရီနှစ်လုံးသုံးလာတဲ့ အပြောင်းအလဲကို Apple ဟာ OLED iPhone ၂ လုံးမှာ ဆက်သုံးသွားဖို့ရှိနေပါတယ်။

ကင်မရာပိုင်းအနေနဲ့မျက်နှာပြင်အကြီးဆုံး iPhone X Plus မှာ Huawei P20 Pro စတိုင် triple lens သုံးမယ်လို့ကောလာဟာလတွေ ရှိထားပေမယ့် တကယ်တမ်းမှာတော့ နောက်နှစ်ရောက်မှ မြင်ရမှာပါ။ တစ်ခုရှိတာက iPhone ကင်မရာ supplier ဖြစ်တဲ့ Sony ဟာ မကြာသေးခင်က 48MP IMX586 sensor ကို မိတ်ဆက်ခဲ့လို့ဒီနှစ် iPhone တွေမှာ ဒီလို ကမ္ဘာ့အကြီးဆုံး ကင်မရာစနစ် မြင်ရမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

photo: Slash Gear

 

လောလောဆယ် ကြားနေရတဲ့ ဈေးနှုန်းများအရ ၆.၁ လက်မ LCD display သုံး iPhone တစ်လုံးကို ဒေါ်လာ ၇၀၀ ၊ ၅.၈ လက်မမော်ဒယ်ကို ဒေါ်လာ ၉၀၀ နဲ့အကြီးဆုံး မျက်နှာပြင် ၆.၅ လက်မကို ဒေါ်လာ ၁၀၀၀ ဈေးကနေ စတင် ရောင်းချသွားမယ်လို့ဆိုပါတယ်။


Author


က္က