loading...

loading...

loading...

စမတ်ဖုန်းဈေးကွက်မှာ နံပါတ်တစ်ဖြစ်နေတာ ၁၀ နှစ်ပြည့်ခဲ့ပါပြီ
Nyein Min Wai

     စမတ်ဖုန်းဈေးကွက်မှာ တရုတ်ဖုန်းကုမ္ပဏီတွေရဲ့ ပြင်းထန်လာတဲ့ ယှဉ်ပြိုင်မှုတွေ ရှိနေပေမယ့် Samsung ရဲ့ CEO ကတော့ ကုမ္ပဏီအနေနဲ့ကမ္ဘာ့အကြီးဆုံး ဖုန်းကုမ္ပဏီနေရာပေါ် ယုံကြည်မှုရှိနေပါတယ်။

Photo: Recode

         Le Figaro နဲ့အင်တာဗျူးတစ်ခုမှာ Samsung ရဲ့ CEO DJ Koh မှ ကုမ္ပဏီအနေနဲ့ပြီးခဲ့တဲ့ ၁၀ နှစ်လုံးလုံး ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်ခဲ့သလို နောင်လာမယ့် ၁၀ နှစ်မှာလည်း ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီနေရာမှာ ဆက်ရှိနေမယ်လို့ပြောခဲ့တာပါ။ နောက်ဆယ်စုနှစ်တစ်ခုကြာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်ဖို့အတွက် Samsung အနေနနဲ့မိုဘိုင်းထုတ်ကုန်ဆိုင်ရာ အတွေ့အကြုံအသစ်အဆန်းတွေ ဖန်တီးသွားမယ်လို့လည်း ဆိုပါတယ်။

        Samsung ဟာ Galaxy Fold လိုမျိုး display ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်း နည်းပညာအပြင် 5G နဲ့Artificial Intelligence နည်းပညာသစ်တွေကို ထုတ်ကုန်တွေမှာ သုံးစွဲလာနေပါတယ်။ ကမ္ဘာ့စမတ်ဖုန်းရောင်းအားကျဆင်းလာနေချိန်မှာ Samsung အနေနဲ့ခေါက်သိမ်းနိုင် Foldable စမတ်ဖုန်းဈေးကွက်ပေါ် ယုံကြည်မှု ရှိနေသလို Galaxy Fold ရဲ့ screen ပိုင်းမှာ ဘာပြဿနာမှ မရှိအောင် ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။

         ကမ္ဘာ့နံပါတ်တစ် ဖုန်းကုမ္ပဏီနေရာမှာ ရှိနေမယ်ဆိုတဲ့ DJ Koh ရဲ့ မှတ်ချက်ဟာ မကြာသေးခင်က Huawei Business Group ဥက္ကဌ Richard Yu ရဲ့ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့အကြီးဆုံး ဖုန်းကုမ္ပဏီ ဖြစ်စေရမယ် ဆိုတဲ့ ပြောကြားချက် ထွက်ပေါ်လာပြီးနောက် မှတ်ချက်ပြုထားတာပါ။ Huawei ဟာ ၂၀၁၇ ကနေ ၂၀၁၈ အတွင်း စမတ်ဖုန်းတင်ပို့ရောင်းချမှု ၃၅% မြင့်တက်လာခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

Photo : CNet

         ဘေဂျင်းမှာ ကျင်းပတဲ့ Huawei သတင်းကွန်ဖရင့်မှာ မိုဘိုင်းဌာနအမှုဆောင်အရာရှိချုပ် Richard Yu မှ "အမေရိကန်ဈေးကွက် မပါဘဲနဲ့တောင် ကျွန်တော်တို့ကမ္ဘာ့နံပါတ်တစ် ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ အစောဆုံး ဒီနှစ်ထဲမှာ ဖြစ်မယ်လို့ယုံကြည်ပါတယ်။ နောက်အကျဆုံးကတော့ နောက်နှစ်ပေါ့" လို့ပြောခဲ့တာပါ။ Huawei ဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ စမတ်ဖုန်းစုစုပေါင်း ၂၀၈ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ မှတ်တမ်းသစ် စိုက်ထူထားပါတယ်။

         Richard Yu ကတော့ Huawei brand ကို ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်း ဖြစ်လာဖို့နဲ့Honor ကို ကမ္ဘာ့ နံပါတ် ၄ အကြီးဆုံး ဖုန်းအမှတ်တံဆိပ် ဖြစ်လာဖို့ရည်မှန်းထားတာပါ။ Huawei ဟာ ၂၀၁၀ ပြည့်နှစ်မှာ ကိုယ်ပိုင် စမတ်ဖုန်း brand အနေနဲ့Google ရဲ့ Android OS သုံး ယူရို ၆၀ ဝန်းကျင်တန် Huawei IDEOS ကို စတင်မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

         Samsung ဟာ Apple နဲ့Huawei တို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အကြီးဆုံး ဖုန်းကုမ္ပဏီ နေရာမှာ ရှိပေမယ့် စမတ်ဖုန်းစီးပွားရေးမှာ အမြတ်အစွန်းရဖို့ရုန်းကန်နေရသလို ပြိုင်ဘက်တရုတ်ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှု မြင့်လာခြင်း ၊ နည်းပညာဆန်းသစ်မှုအတွက် ကုန်ကျစရိတ် နဲ့ဖုန်းသစ်တွေ အဝယ်မလိုက်မှုနဲ့လည်း ကြုံတွေ့နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က