မေလလယ်လောက် ထွက်လာဖို့ရှိပါတယ်။

     လူငယ်အကြိုက် စမတ်ဖုန်းတွေ ဦးစားပေး ထုတ်လာတဲ့ Realme ဟာ upper mid-ranger တွေမှာ သုံးတဲ့ နည်းပညာတွေကို သုံးလာဖို့ရှိပါတယ်။

         တလောကပဲ တရုတ်စမတ်ဖုန်းထောက်ခံချက်အဖွဲ့အစည်း TENAA မှာ Realme ဟာ RMX1851 နဲ့RMX1901 ဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ဖုန်းနှစ်လုံးတင်ထားတာ တွေ့ရပါတယ်။ RMX1851 မော်ဒယ်ဟာ လောလောလတ်လတ် ထွက်ထားတဲ့ Realme 3 Pro ဖြစ်ပြီး RMX1901 ကတော့ အသစ်ဝင်လာမယ့် ဖုန်းပါ။

Photo: xda-developers



         TENAA Certification မှာ တင်ထားတဲ့ အချက်အလက်တွေအရ ဒုတိယမော်ဒယ်ဟာ မျက်နှာပြင် ၆.၅ လက်မရှိပြီး notch မပါတဲ့ ဖုန်းအဖြစ် ထွက်လာဖို့ရှိပါတယ်။ ကျောဘက်ဟာ curved ဒီဇိုင်းနဲ့လာပြီး အလယ်မှာ ထောင်လိုက် dual cameras တွေ ပါလာပါတယ်။ နောက်ထပ် သိထားတာတစ်ခုက ဒီဖုန်းဟာ 3680 mAh ဘက်ထရီ ပါဝါသုံးမယ်ဆိုတာပါပဲ။

         ကျောဘက်မှာ လက်ဗွေစနစ် သုံးထားတာ မတွေ့ရတာကြောင့် နောက်ထွက်လာမယ့် Realme ဖုန်းသစ်ဟာ in-display လက်ဗွေစနစ်နဲ့လာမယ့် သဘောပါ။ မှန်ပြင်အောက် လက်ဗွေနည်းပညာသုံးမယ်ဆိုရင် ဒီဖုန်းဟာ OLED သို့မဟုတ် AMOLED panel ကို သုံးသွားရမှာ ဖြစ်ပါတယ်။ မကြာသေးခင်က တရုတ် display ကုမ္ပဏီတစ်ခုဟာ LCD screen အောက် လက်ဗွေနည်းပညာကို မူပိုင်ခွင့် တင်ထားပေမယ့် အခုထိတော့ ဈေးကွက်ထဲ မရောက်သေးပါဘူး။

         နောက်ထပ် စောင့်ကြည့်ရမှာက Realme ဖုန်းသစ်ဟာ pop-up selfie ကင်မရာစနစ်ကို သုံးသွားမလားဆိုတာပါပဲ။ Realme ရဲ့ မိခင် brand ဖြစ်တဲ့ OPPO ကတော့ မကြာသေးခင်ကပဲ ထူးထူးခြားခြား pop-up ဆယ်လ်ဖီကင်မရာသုံးထားတဲ့ Reno series ကို ကြေညာခဲ့ပါတယ်။ Realme 3 Pro နောက် ထွက်လာမယ့် ဖုန်းကို လာမယ့် မေလလယ်ထဲမှာ မြင်ရဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က