OMG

Figgers ဆိုတဲ့ တယ်လီကွန်းကုမ္ပဏီတစ်ခုဟာ အမေရိကန်ရဲ့ ပထမဆုံး 5G စမတ်ဖုန်းကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

         ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Figgers တယ်လီကွန်းကုမ္ပဏီဟာ နိုင်ငံပေါင်း ၈၀ ကျော်မှာ တယ်လီကွန်းဝန်ဆောင်မှုတွေ ပေးနေတဲ့ အော်ပရေတာတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ပထမဆုံး စမတ်ဖုန်းဖြစ်တဲ့ Figgers F1 ကို ကြေညာခဲ့ပါတယ်။ Figgers F1 ရဲ့ ထူးခြားချက်က ဒီဖုန်းဟာ တစ်နာရီ၁၀ မိုင်နှုန်းအထက် ပြေးနေတဲ့ ကားရဲ့ လှုပ်ရှားမှုကို သိရှိနိုင်ပြီး ကားမောင်းနေချိန်မှာ ဖုန်းကနေ မက်ဆေ့ပို့မရအောင် ပိတ်ပေးထားတဲ့ safe mode အလိုအလျောက် ဖွင့်ပေးနိုင်တာ ဖြစ်ပါတယ်။



Photo: GSMArena

         ဖလော်ရီဒါအခြေစိုက် Figgers ဟာ အခုချိန်မှာ အမေရိကန်လုပ် 5G ဖုန်းတစ်လုံးကို အရင်ဆုံး ကြေညာနိုင်ခဲ့ပြီလို့ကုမ္ပဏီရဲ့ Instagram မှာ ထုတ်ပြန်ထားပါတယ်။ Figgers F3 မှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက် အများအပြား ပါရှိပါတယ်။ ဒီထဲက တစ်ခုက ကြိုးမဲ့အားသွင်းနည်းပညာဖြစ်ပါတယ်။ Figgers F3 ဟာ ၅ မီတာ (၁၆ ပေကျော်) အကွာကနေ ဖုန်းကို အားသွင်းနိုင်မယ့် ထူးခြားတဲ့ wireless charging စနစ် ပါရှိပါတယ်။

         ဒီနည်းပညာကို Figgers Super Base charger စနစ်လို့ခေါ်ပြီး စမတ်ဖုန်းလောကမှာ အထူးခြားဆုံး အားသွင်းစနစ်လို့ပြောနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာ ဈေးကွက်ထဲမြင်နေကျ စမတ်ဖုန်းတစ်လုံးလို ကျောဘက် fingerprint scanner နဲ့ထောင်လိုက် dual cameras တွေ ပါရှိတာက မဆန်းပါဘူး။ ကုမ္ပဏီရဲ့ CEO ဖရက်ဒီဖစ်ဂါးစ်ရဲ့ အဆိုအရ ဒီဖုန်းဟာ ရေလုံတဲ့ ဖုန်းဖြစ်ပြီး ကမ္ဘာပေါ်က ဘယ်မိုဘိုင်းအော်ပရေတာနဲ့မဆို သုံးနိုင်မယ့် ဖုန်းလို့ကြေညာထားပါတယ်။

         ကင်မရာပိုင်းမှာ 18MP dual cameras တွေနဲ့လာပြီး storage အနေနဲ့1TB အထိ ပါလာလို့Samsung Galaxy S10+ လိုမျိုး storage အမြင့်ဆုံးသုံးထားတဲ့ ဖုန်းလို့ပြောရမှာပါ။ screen အရွယ်အစားမသိရပေမယ့် 4K Ultra HD screen နဲ့လာမယ်လို့ဆိုတာကြောင့် ရုပ်ထွက်ပိုင်းမှာ စမတ်ဖုန်းလောကရဲ့ အကောင်းဆုံးဖုန်းမော်ဒယ်လို့လည်း သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

တစ်ခုရှိတာက Figgers F3 ရဲ့ အကြောင်းဟာ လက်ရှိအချိန်အထိ ကုမ္ပဏီရဲ့ CEO စကားအတိုင်းပဲ ကြားထားတာ ဖြစ်ပြီး အပြင်ဈေးကွက်ထဲ ဖြန့်ချိန်မှာ ဘာတွေ ပြောင်းလဲသွားမလဲဆိုတာ မသိနိုင်သေးပါဘူး။

         နောက်တစ်ချက်ကလည်း ဒီဖုန်းမှာ သုံးမယ့် processor ၊ ဘက်ထရီ ပါဝါ နဲ့UI ဆော့ဖ်ဝဲလ်အပြင် တစ်ခြားအချက်အလက်တွေလည်း မသိရသေးပါဘူး။ တကယ်လို့ဒီဖုန်းကိုသာ 5G တံဆိပ်တပ်ပြီး မိတ်ဆက်လာမယ်ဆိုရင်တော့ အမေရိကန်ကုမ္ပဏီတစ်ခုအနေနဲ့ပထမဆုံး 5G ဖုန်းကို ထုတ်လုပ်လာခဲ့ပြီလို့ပြောရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က