ဈေးနှုန်းများ ထွက်ပေါ်လာပါတယ်။

ဒီတစ်ပတ် Xiaomi က ဖုန်းသစ် ၃ မျိုးတောင် ထုတ်သွားခဲ့ပါတယ်။ ဒီဖုန်း ၃ မျိုးစလုံးဟာ mid-range မော်ဒယ်တွေပဲ ဖြစ်ပြီး မကြာခင်မှာ brand သစ်နဲ့flagship Specs အမြင့်မော်ဒယ်ကို ဥရောပဈေးကွက်မှာ မိတ်ဆက်သွားတော့မှာပါ။



[No available link text] 

Qualcomm ရဲ့ အမြင့်ဆုံး Snapdragon 845 chipset သုံး ထားတဲ့ ဒီဖုန်းကို Pocophone F1 နာမည်နဲ့ပွဲထုတ်သွားမှာ ဖြစ်ပြီး ဈေးနှုန်းတွေကိုတော့ Roland Quadt ရဲ့ Twitter မှာ ဖော်ပြထားပါတယ်။ ဥရောပဈေးကွက်ထဲ ဖြန့်သွားမယ့် ဒီဖုန်းဟာ မျက်နှာပြင် ၅.၉၉ လက်မ 1080 x 2160px display နဲ့လာပြီး အပြာနဲ့မီးခိုးနှစ်ရောင်တည်းနဲ့ထုတ်သွားဖို့ရှိနေပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက Xiaomi ဟာ Pocophone F1 ဟာ ဒီတစ်ပတ်ထဲ လောလောလတ်လတ် ထွက်ခဲ့တဲ့ Mi Max 3 ၊ Mi A2 နဲ့Mi A2 Lite တို့ထက် ပိုပြီး သာမယ့် ဘယ်လို feature တွေထည့်သွင်းသွားရမလဲ ကြည့်ရမှာပါ။

Mi Max 3 ကတော့ သူ့ဟန်အတိုင်း phablet အရွယ်အစားဖြစ်တဲ့ ၆.၉ လက်မ FullHD+ screen ၊ 5500 mAh ဘက်ထရီ စတဲ့ key feature တွေနဲ့ထွက်လာပြီး Mi A2 ကတော့ Google stock Android ဗားရှင်း နဲ့ထူးခြားတဲ့ dual cameras သစ်များနဲ့မိတ်ဆက်လာတာ ဖြစ်ပါတယ်။

ဥရောပဈေးကွက်မှာ ဖြန့်ချိထားတဲ့ Pocophone F1 ဟာ beryllium ဆိုတဲ့ ကုဒ်နာမည်နဲ့လာပြီး RAM 6GB ကိုမှ storage နှစ်မျိုးနဲ့လာတာပါ။ Pocophone F1 မော်ဒယ်နဲ့ပတ်သတ်ပြီး တစ်ခြား specs တွေအကြောင်း များများစားစား မကြားရပေမယ့် အန်းဒရိုက် flagship ဖုန်းတွေအကြားမှာ ဈေးနှုန်းနဲ့ဆွဲဆောင်နိုင်ဆုံး ဖုန်းတစ်လုံးလို့ဆိုနိုင်ပါတယ်။

photo: evosmart

 

Roland Quadt ရဲ့ tweet အရ အနိမ့်ဆုံး RAM 6GB/64GB storage မော်ဒယ်ကို ယူရို ၄၂၀ ဝန်းကျင် (မြန်မာငွေ ၇ သိန်းခန့်) နဲ့အမြင့်မော်ဒယ် RAM 6GB/128GB storage မော်ဒယ်ကတော့ ယူရို ၄၆၀ ဝန်းကျင် ( မြန်မာငွေ ၇ သိန်း ၈ သောင်းခန့်) နဲ့ဥရောပအရှေ့ပိုင်း ဈေးကွက်တွေမှာ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က