မြန်မာငွေ ၁၈ သိန်းခွဲကျော်တန် ဖုန်းပါ

Huawei ရဲ့ ပထမဆုံး 5G ဖုန်းအဖြစ် ဈေးကွက်ထဲ ဖြန့်ချိသွားမယ့် Huawei Mate 20 X (5G) ကို ဇူလိုင်လထဲ ဈေးကွက် ၃ ခုမှာ ရောင်းချသွားတော့မှာပါ။

        Huawei Mate 20 X (5G) ဟာ ပြီးခဲ့တဲ့ ဇွန်လက ယူကေမှာ ရောင်းချဖို့စီစဉ်ခဲ့ပေမယ့် အမေရိကန်အစိုးရဘက်မှ ပိတ်ပင်မှူတွေနဲ့ကြုံချိန်မှာ ယူကေတယ်လီကွန်းကုမ္ဗဏီများမှ ဒီဖုန်းကို ရောင်းချဖို့ရပ်ဆိုင်းထားခဲ့တာပါ။ Huawei Mate 20 X (5G) ကို ပထမဆုံး ဝယ်ယူနိုင်မယ့် ဈေးကွက်ကတော့ ယူအေအီးနိုင်ငံ ဖြစ်ပါတယ်။

Photo: Android Headlines



        The Verge သတင်းရဲ့ အဆိုအရ Huawei Mate 20 X (5G) ကို ယူအေအီးဈေးကွက်မှာ လာမယ့် ဇူလိုင် ၁၂ ရက်နေ့ကစပြီး ဝယ်ယူနိုင်မှာ ဖြစ်ပြီး အီတလီနိုင်ငံ Amazon စတိုးမှာ ဇူလိုင် ၂၂ ရက်နဲ့တရုတ်ဈေးကွက်မှာ ဇူလိုင် ၂၆ ရက်ကစလို့ရောင်းချသွားမယ်လို့ဆိုပါတယ်။ Huawei Mate 20 X (5G) ဟာ ရိုးရိုးမော်ဒယ် Huawei Mate 20 ကိုမှ အဆင့်မြှင့်ထားတဲ့ 5G ဗားရှင်းဖြစ်ပြီး တက်ဘလက်ဆိုဒ်အရွယ် မျက်နှာပြင်အကြီးစား သုံးထားပါတယ်။

        မျက်နှာပြင် ၇.၂ လက်မ OLED display ဟာ စမတ်ဖုန်းမျက်နှာပြင်တွေထဲမှာ အရွယ်အစား အကြီးဆုံးလို့ဆိုနိုင်ပါတယ်။ နဂိုက Gaming Performance ပိုင်းကို ဦးစားပေး ထုတ်ထားတဲ့ ဖုန်းဖြစ်လို့ဒီဖုန်းမှာ ရေငွေ့အအေးပေးစနစ်လို ကာဗွန်အလွှာနဲ့အအေးခံတဲ့ နည်းပညာ ပါဝင်လာပါတယ်။

    

    Photo: GSMArena

5G ဗားရှင်း Huawei Mate 20 X မှာ dual speakers ၊ M-Pen Stylus ၊ Leica triple lens (40MP+20MP+8MP) သုံးလုံးတွဲ ကင်မရာတွေနဲ့အတူ 40W fast charging ပါတဲ့ 4200 mAh အကြီးစားဘက်ထရီများ ပါရှိပါတယ်။

        ဒီဖုန်းဟာ Huawei ရဲ့ အမြင့်ဆုံး processor ဖြစ်တဲ့ Kirin 980 processor ကို သုံးထားတဲ့ ဖုန်းဖြစ်ပြီး ကမ္ဘာ့ပထမဆုံး 7nm 5G multi-mode chip ဖြစ်တဲ့ Huawei Balong 5000 modem ပါလာပါတယ်။ RAM 8GB/256GB storage နဲ့အတူ ထွက်လာတဲ့ ဒီဖုန်းကို ၁၀၉၉ ယူရို ( မြန်မာငွေ ၁၈ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က