တောင်ကိုရီးယားမှာပဲ ရောင်းချထားတာပါ
Nyein Min Wai

     တောင်ကိုရီးယားမှာ ဧပြီ ၅ ရက်နေ့စတင်ဖြန့်ချိခဲ့တဲ့ ကမ္ဘာ့ပထမဆုံး 5G ဖုန်းတွေဟာ network ပြဿနာတွေ ရှိနေကြတယ်လို့ဆိုပါတယ်။

         Galaxy S10 5G ဖုန်းတွေကို စတင် ကိုင်ဆောင်ခွင့်ရတဲ့ သူတွေဟာ မျှော်လင့်ထားသလောက် လိုင်းဆွဲအားမကောင်းတာ ၊ LTE နဲ့5G အကြား ပြောင်းရာမှာ အခက်အခဲတွေ့တာနဲ့5G မမိတဲ့ Limited Coverage ပြဿနာတွေ ကြုံခဲ့တယ်လို့GSMarena မှာ ဖော်ပြထားပါတယ်။ တစ်ချို့Galaxy S10 5G ကိုင်တဲ့သူတွေကတော့ restart လုပ်တာတောင် 4G ကွန်ရက် ချိတ်မရတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။

         5G မမိတဲ့ နေရာမှာဆို ဒီဖုန်းဟာ 4G signal အပါအဝင် ဘယ်ကွန်ရက်ကိုမှ ချိတ်မရတာ ဖြစ်မယ်လို့တစ်ချို့က ယူဆထားပါတယ်။ ကွန်ရက်ချိတ်ဆက်မရတဲ့ ပြဿနာကို တောင်ကိုရီးယား တယ်လီကွန်းအော်ပရေတာ ၃ ခုစလုံးဆီ သတင်းပို့ထားပြီး Samsung ကလည်း ဒီပြဿနာကို software update သစ်နဲ့ဖြေရှင်းဖို့ကြိုးစားခဲ့ပေမယ့် အခုထိတော့ ကွန်ရက်ချိတ်ဆက်မရတဲ့ ပြဿနာက ရှိနေတယ်လို့ဆိုပါတယ်။

         Samsung ကတော့ Galaxy S10 5G လိုင်းမမိတဲ့ ပြဿနာအတွက် တယ်လီကွန်းအော်ပရေတာတွေကို သူတို့ရဲ့ ကွန်ရက်ကောင်းကောင်းအလုပ်မလုပ်တဲ့ အပေါ် ဝေဖန်ထားပါတယ်။ တယ်လီကွန်းလောက ကျွမ်းကျင်သူများကလည်း ဒါဟာ carrier တွေရဲ့ 5G stations တွေကြောင့် ဖြစ်တာ မဟုတ်ဘဲ ကွန်ရက်စွမ်းဆောင်ရည် အားနည်းလို့ဖြစ်တာလို့ဆိုပါတယ်။

Photo: Mashable

         Samsung Galaxy S10 5G ဟာ 4G ရော 5G ပါ နှစ်မျိုးစလုံး ရတဲ့ ဖုန်းဖြစ်ပြီး download speed ကို 2Gbps နှုန်းအထိ ရမယ်လို့ကုမ္ပဏီက ဆိုပါတယ်။ upload speed မှာတော့ ဒီဖုန်းဟာ 150Mbps နှုန်းနဲ့တင်နိုင်ပြီး RAM 8GB/256GB storage ဗားရှင်းတစ်မျိုးတည်းနဲ့ထွက်ထားတာ ဖြစ်ပါတယ်။ Galaxy S10 5G ဖုန်းမှာ သုံးထားတဲ့ 5G စစ်စစ်ကတော့ 1.5Gbps အထိ ရှိပြီး ကျန်တဲ့ data speed 1.15Gbps ကတော့ LTE ကနေ ဆွဲတာလည်း ဖြစ်ပါတယ်။

         တောင်ကိုရီးယားမှ SK Telcom ၊ KT နဲ့LG Uplus တို့ဟာ 5G services ကို မိတ်ဆက်ထားပြီး မိုဘိုင်း 5G ဝန်ဆောင်မှုကိုတော့ Galaxy S10 5G သုံးသူတွေမှာ အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ကြေညာထားပါတယ်။ 5G ကွန်ရက်နည်းပညာဟာ 4G LTE ထက် ဒေတာမြန်နှုန်း အဆ ၂၀ ကျော် ပိုမြင့်ပြီး AI နဲ့VR နည်းပညာတွေကို အင်တာနက်လိုင်း ကြန့်ကြာ နှောင့်နှေးမှု မရှိဘဲ အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။

         Galaxy S10 5G ရဲ့ အမြင့်ဆုံးမော်ဒယ် 512GB ဗားရှင်းကို ဝမ် ၁.၅၅ သန်း (၁၃၆၆ ဒေါ်လာ) နဲ့ရောင်းချထားပြီး 256GB ဗားရှင်းကိုတော့ ဝမ် ၁.၃၉ သန်း (၁၂၃၁ ဒေါ်လာ) ဈေးနဲ့ရေင်းချထားပါတယ်။ Samsung ဟာ Galaxy S10 5G ကို တောင်ကိုရီးယားဈေးကွက်အပြင် အမေရိကန်မှာလည်း Verizon ကနေ သီးသန့်ရောင်းချသွားမှာပါ။တောင်ကိုရီးယား တယ်လီကွန်းအော်ပရေတာတွေကတော့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ 5G သုံးစွဲသူ ၁ သန်းခန့်ရှိလာဖို့မျှော်မှန်းထားပါတယ်။

      


ဆက်စပ်အကြောင်းအရာများ


က္က