မြန်မာငွေ သိန်း ၃၀ ကျော်ဈေးနဲ့ရောင်းချသွားမှာပါ
Nyein Min Wai

နှစ်အစကတည်းက ဈေးကွက်ဝင်ဖို့ကြေညာထားခဲ့တဲ့ Galaxy Fold ဟာ ပြဿနာတစ်ချို့တက်ခဲ့လို့ကြန့်ကြာခဲ့ပြီး အခုချိန်မှာ ဒီဇိုင်းပြုပြင်ပြီးနောက် ဈေးကွက်မှာ ရောင်းချသွားတော့မှာပါ။

Samsung ရဲ့ ပထမဆုံး ဈေးကွက်ဝင် ခေါက်သိမ်းနိုင် စမတ်ဖုန်း Galaxy Fold ဟာ အခုချိန်မှာ ဒီဇိုင်းနဲ့တည်ဆောက်မှုပိုင်း ပိုကောင်းအောင် ထုတ်ထားတယ်လို့ကုမ္ပဏီက ကြေညာပါတယ်။ ဒီဇိုင်းတစ်ခုလုံးအရ ခြုံပြီး ကြည့်မယ်ဆိုရင် မူလဗားရှင်းကနေ သွေဖည်ခြင်း မရှိပါဘူး။

Photo: wccftech

အပြင်ဘက် ခေါက်ထားချိန်မှာ ၄.၆ လက်မ Super AMOLED display ပါပြီး ဖြန့်ထားချိန်မှာတော့ ၇.၃ လက်မ Infinity Flex Display ရှိမှာ ဖြစ်ပါတယ်။ ပြန်လည် ပြုပြင်ထားတဲ့ အပိုင်းဟာ ပတ္တာနေရာနဲ့flexible screen ရဲ့ အပေါ်က ကာထားတဲ့ အလွှာပိုင်း ဖြစ်ပါတယ်။

ဖုန်နဲ့တစ်ခြား အမှုန်တွေ display အဖွင့်အပိတ်နေရာထဲ မဝင်အောင် ကာကွယ်ဖို့အတွက် ရော်ဘာသားအောက်မှာ ဝှက်ထားပါတယ်။ ဒီ protective layer ဟာ အစင်းခြစ်ရာဒဏ်လည်း ခံနိုင်တာကြောင့် မတော်တဆ စုတ်ပြဲတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။

စုစုပေါင်း ကင်မရာ ၆ လုံး ပါပြီး RAM 12GB/512GB storage နဲ့အတူ Snapdragon 855 processor သုံးထားပါတယ်။ တောင်ကိုရီးယား ဈေးကွက်မှာ Galaxy Fold 5G ဗားရှင်း ဝယ်ယူနိုင်မှာ ဖြစ်ပြီး Sk Telecom နဲ့LG U+ တို့လို အော်ပရေတာတွေမှာ ရောင်းချမှုတွေ လုပ်ဆောင်နေပါတယ်။



5G မော်ဒယ် Galaxy Fold ဟာ 4235 mAh ဘက်ထရီပါပြီး Cosmos Black နဲ့Space Silver ကာလာ ၂ မျိုးနဲ့ထွက်ထားပါတယ်။ Galaxy Fold မှာ ထူးခြားတာက Fold Advantage+ ပရိုဂရမ်သစ် ပေးထားတာပါ။ ဒီ ပရိုဂရမ်ဟာ တစ်နှစ် တစ်ကြိမ် ပရိုဂရမ်ဖြစ်ပြီး display ပြုပြင်စရိတ်ရဲ့ ၇၀% သက်သာခွင့်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။

ကိုရီးယား ဈေးကွက်မှာ Galaxy Fold 5G မော်ဒယ်ကို ဝမ် ၂၃၉၈၀၀၀ ( မြန်မာငွေ သိန်း ၃၀ ကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။ တစ်ခြား ဈေးကွက်တွေအနေနဲ့ပြင်သစ် ၊ ဂျာမဏီ ၊ စင်ကာပူ ၊ ယူကေနဲ့အမေရိကန်တို့မှာလည်း ရောင်းချသွားမယ်လို့ဆိုပါတယ်။


က္က