နှစ်အလိုက် ရောင်းအားကတော့ အတက်ဘက်မှာပဲ ရှိနေပါတယ်

၂၀၁၈ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ စမတ်ဖုန်းရောင်းအား အကျဘက်မှာ ရှိပေမယ့် Xiaomi ကတော့ စမတ်ဖုန်းရောင်းအား အတက်ဘက်ပဲ ပြနေခဲ့ပါတယ်။

Photo: Duwun Tech



         Gartner သုတေသနစစ်တမ်းအရ ၂၀၁၈ တစ်နှစ်လုံး စမတ်ဖုန်းရောင်းအားဟာ စုစုပေါင်း ၁၅၅၅.၂၆ သန်း ရှိခဲ့ပြီး Xiaomi ဟာ ထိပ်တန်းဖုန်းကုမ္ပဏီ ၅ ခုမှာ နှစ်အလိုက် ရောင်းအားအကောင်းဆုံး ဖုန်းကုမ္ပဏီဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံးမှာ စမတ်ဖုန်းရောင်းအား ၈၈.၉၂ သန်း ရှိခဲ့တဲ့ Xiaomi ဟာ ၂၀၁၈ မှာ စမတ်ဖုန်းပေါင်း ၁၂၂.၃၈ သန်း ရောင်းချနိုင်ခဲ့တာပါ။

         ဝင်ငွေအရ ကြည့်မယ်ဆိုရင် Xiaomi ဟာ ယွမ် ၁၇၄.၉ ဘီလျံဖိုး ရောင်းချနိုင်ခဲ့ပြီး နှစ်အလိုက် နိုင်ငံတကာ ဝင်ငွေဟာ ယွမ် ဘီလျံ ၇၀ နဲ့၁၁၈.၁% တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ရဲ့ အဆိုအရ ကုမ္ပဏီရဲ့ အောင်မြင်မှုဟာ Hardware ၊ အင်တာနက်နဲ့လက်လီရောင်းအားဆိုတဲ့ ကဏ္ဍ သုံးရပ်ပေါ် အခြေပြုထားတာပါ။ Hardware ထုတ်ကုန်တွေထဲမှာ စမတ်ဖုန်း ၊ စမတ်ထုတ်ကုန်တွေ ပါဝင်ပြီး အင်တာနက်ဝန်ဆောင်မှုထဲမှာ MIUI ၊ ရုပ်သံနဲ့cloud လိုမျိုး ဆော့ဖ်ဝဲလ်ဆားဗစ်နဲ့လက်လီစတိုးတွေကတော့ Xiaomi ထုတ်ကုန်တွေ ရောင်းချနေတာဖြစ်ပါတယ်။

Photo: GSMArena

         Xiaomi ဟာ အိန္ဒိယဈေးကွက်မှာ အကြီးအကျယ် အောင်မြင်မှုရထားပြီး ဈေးကွက်ဝေစုအရ အိန္ဒိယရဲ့ ၃၀%ဟာ Xiaomi အပိုင်ဖြစ်နေပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာ အချက်တစ်ခုကတော့ အနောက်ဥရောပဈေးကွက်ကို တင်ပို့တဲ့ စမတ်ဖုန်းရောင်းအားကလည်း ရာခိုင်နှုန်းအားဖြင့် ၄၁၅.၂% တက်လာနေတာပါ။

စမတ်ဖုန်းအပြင် IoT လိုမျိုး လူသုံး စမတ်ထုတ်ကုန်ရောင်းအားမှာလည်း Xiaomi ဟာ အတက်ဘက် ပြနေပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ စုစုပေါင်း ယွမ် ၄၃.၈ ဘီလျံဖိုး ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၇ ခုနှစ်မှာ Xiaomi IoT ထုတ်ကုန် ရောင်းအားဟာ ယွမ် ၁၆ ဘီလျံပဲ ရှိခဲ့တာ ဖြစ်လို့ရောင်းအား ၆၁.၂% တက်လာတာလည်း ဖြစ်ပါတယ်။

         Gartner စစ်တမ်းအရ Apple ဟာ ကမ္ဘာ့ဈေးကွက်ဝေစု ၁၃.၄% ၊ စမတ်ဖုန်းရောင်းအား ၂၀၉.၀၄ သန်း ရှိခဲ့ပြီး တတိယနေရာမှ စမတ်ဖုန်း ၂၀၂.၉၀ သန်း ရောင်းအားရှိခဲ့တဲ့ Huawei နဲ့သိပ်မကွာတဲ့ အနေအထားမှာ ရှိပါတယ်။ ၂၀၁၈ အတွင်း Greater China လို့ခေါ်တဲ့ တရုတ်ပြည်မကြီး ၊ ဟောင်ကောင် ၊ မကာအို ၊ ထိုင်ဝမ်နဲ့စကာၤပူစတဲ့ နိုင်ငံတွေမှာ ရောင်းအားထိုးကျသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က