အမေရိကန်မှာတော့ နှစ်လယ်ပိုင်းအတွင်း ရောင်းချသွားမှာပါ

၂၀၁၉ အတွက် Samsung ရဲ့ နောက်ဆုံးပေါ် ပရီမီယံဖုန်းတွေထဲမှ လူစိတ်ဝင်စားမှု အမြင့်ဆုံးမော်ဒယ်တစ်ခုဖြစ်တဲ့ 5G မော်ဒယ်ကတော့ တောင်ကိုရီးယားဈေးကွက်ထဲ အရင်ဆုံး ဖြန့်ချိသွားတော့မှာပါ။

         အစောပိုင်းသတင်းတွေအရ Samsung Galaxy S10 5G ဟာ ဈေးကွက်ထဲကို ဒုတိယသုံးလပတ်မှ ရောက်မယ်လို့သတင်းတွေ ထွက်လာခဲ့ပေမယ့် အခုချိန်မှာတော့ တောင်ကိုရီးယား ဈေးကွက်ထဲကို ဧပြီလကစပြီး ရောင်းချသွားတော့မယ်လို့ဆိုပါတယ်။ တစ်နည်းအားဖြင့် တောင်ကိုရီးယားလို 5G ကွန်ရက်အဆင်သင့်ဖြစ်ပြီးသားနိုင်ငံအနေနဲ့Samsung ရဲ့ 5G ဖုန်းဟာ တစ်မျိုးတည်းသော ရွေးချယ်စရာလို့ဆိုရမှာပါ။



Photo: pcworld

         တောင်ကိုရီးယားမှ တယ်လီကွန်းလုပ်ငန်းစု ၃ ခုဖြစ်တဲ့ SK Telecom ၊ LG Uplus နဲ့KT တို့ပေါင်းပြီး ကမ္ဘာ့ပထမဆုံး 5G ဝန်ဆောင်မှုတွေကို ဒီဇင်ဘာ ၁ ရက်နေ့က စတင်မိတ်ဆက်ကြေညာခဲ့သလို ဒီလို ပထမဆုံး 5G ဝန်ဆောင်မှုကို ကြေညာရာမှာလည်း Samsung ဖုန်းနဲ့5G ပေါ်ကနေ video call ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ တောင်ကိုရီးယားဈေးကွက်ကို Samsung 5G ဖုန်းတွေ ဖြန့်ဖို့ဆိုတာ ထင်တာထက် ပိုနီးစပ်လာပြီ ဖြစ်ပါတယ်။

         Samsung ရဲ့ ဒီနှစ်ထွက် Galaxy S10 series စမတ်ဖုန်းသစ်တွေထဲမှာ Galaxy S10 5G ကတော့ 5G ဗားရှင်းအဖြစ် တရားဝင် တံဆိပ်ကပ်ပြီး မိတ်ဆက်ခဲ့တာဖြစ်ပြီး Galaxy Fold ကတော့ 4G LTE မော်ဒယ်အဖြစ် 5G ပါ ထွက်ထားတာပါ။ Samsung ကတော့ Galaxy S10 5G ကို အမေရိကန်ဈေးကွက်ထဲမှာ Verizon နဲ့သီးသန့်ပါတနာလုပ်ထားလို့၂၀၁၉ ဒုတိယသုံးလပတ်ထဲမှာ ဒီဖုန်းကို ဈေးကွက်ထဲ တင်သွားမှာပါ။

         Galaxy S10 5G ဟာ 4G ရော 5G ပါ နှစ်မျိုးစလုံး ရတဲ့ ဖုန်းဖြစ်ပြီး download speed ကို 2Gbps နှုန်းအထိ ရမယ်လို့ကုမ္ပဏီက ဆိုပါတယ်။ upload speed မှာတော့ ဒီဖုန်းဟာ 150Mbps နှုန်းနဲ့တင်နိုင်ပြီး RAM 8GB/256GB storage ဗားရှင်းတစ်မျိုးတည်းနဲ့ထွက်ထားတာ ဖြစ်ပါတယ်။ တစ်ခြား Galaxy S10 / S10 Plus တို့လိုပဲ ဒီဖုန်းဟာ ultrasonic fingerprint scannere သုံးလာပြီး မျက်နှာပြင် ၆.၇ လက်မ curved Dynamic AMOLED display နဲ့လာတာပါ။


Photo: 9to5google

         အမေရိကန်ဈေးကွက်မှာတော့ Verizon ပြီးမှ AT&T ၊ Sprint နဲ့T-Mobile တို့ကနေ နောက်ကလိုက်ပြီး ဒီဖုန်းကို ရောင်းချသွားမယ်လို့ဆိုုပါတယ်။ ပြဿနာတစ်ခုက ဒီ carriers တွေထဲမှာ မိုဘိုင်းလ် 5G ကွန်ရက်ကို ဘယ်အချိန်မှာ ဖြန့်ကျက်တော့မယ်လို့မကြေညာသေးတာပါပဲ။ Verizon ကတော့ 5G မိုဘိုင်းလ်ဝန်ဆောင်မှုကို ၂၀၁၉ ပထမ ၆ လအတွင်း မြို့ပေါင်း ၃၀ မှာ ဖြန့်ချိသွားဖို့စီစဉ်ထားပြီး AT&T ကတော့ မြို့ပေါင်း ၁၂ မြို့မှာ စတင်ထားပါတယ်။

         Galaxy S10 5G ဖုန်းရဲ့ ဈေးနှုန်းကို အတိအကျ မသိရသေးပေမယ့် ဒီဖုန်းဟာ 25W Super Fast Charging ရတဲ့ 4500 mAh ၊ 12MP telephoto lens ၊ 12MP wide lens နဲ့16MP ultra wide lens နဲ့3D ToF sensor တွေ ပါတဲ့ high-end ဖုန်းအဖြစ် မိတ်ဆက်ထားတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က