အမေရိကန်နဲ့ယူကေမှာလည်း ရောင်းချနေပါတယ်။

5G ဖုန်းတစ်လုံးအဖြစ် ဈေးကွက်ထဲ ရောက်လာတဲ့ Galaxy S10 5G ဟာ တောင်ကိုရီးယားမှာ တစ်နေ့ ဖုန်းအလုံးရေ ၁ သောင်းခွဲခန့်ရောင်းချနေရတယ်လို့ဆိုပါတယ်။

           Samsung ရဲ့ ပထမဆုံး 5G စမတ်ဖုန်းဖြစ်တဲ့ Galaxy S10 5G ဟာ ဧပြီ ၅ ရက်နေ့က ဈေးကွက်မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီး ရက် ၈၀ အတွင်း ဖုန်းအလုံးရေ ၁ သန်းကျော် ရောင်းထွက်ထားပါတယ်။ Samsung Galaxy S10 5G နဲ့အပြိုင် ဈေးကွက်ထဲ ဝင်ခဲ့တဲ့ LG ထုတ် V50 ThinQ 5G ဟာ မေလ ၁၀ ရက်နေ့ကနေ အခုချိန်အထိ အလုံးရေ ၂၈၀၀၀၀ ပဲ ရောင်းချနိုင်ခဲ့တယ်လို့Yonhap News Agency က ဆိုပါတယ်။

Photo: PCWorld



           "5G ဝန်ဆောင်မှုကို တယ်လီကွန်းတွေ ပေးလာပြီးနောက် 5G ဖုန်း ဝယ်လိုအားဟာ တက်လာပါတယ်။ ဧပြီလကုန်ပိုင်းမှာ Galaxy S10 5G ဟာ Galaxy S10 series အားလုံးပေါင်း ရောင်းအားရဲ့ ၂၀% ရှိခဲ့ပါတယ်။ ဇွန်လမှာ ဒီအရေအတွက်ဟာ ၈၀% ခုန်တက်လာခဲ့ပါတယ်။ " လို့Sammobile သတင်းမှာ ဖော်ပြထားပါတယ်။

           Galaxy S10 5G ဟာ တောင်ကိုရီးယား တစ်နိုင်ငံတည်းမှာ ရက် ၈၀ အတွင်း အလုံးရေ ၁ သန်း ရောင်းချနိုင်ခဲ့တာပါ။ တောင်ကိုရီးယားမှာ ဝမ် ၁.၃၉ သန်း ( ဒေါ်လာ၁၂၃၀ ခန့်) ဈေးနဲ့စတင်ရောင်းချနေတဲ့ Galaxy S10 5G ဟာ မျက်နှာပြင် ၆.၇ လက်မ ၊ ရှေ့နောက် ကင်မရာ ၆ လုံး ပါဝင်ပါတယ်။ Infinit O display သုံးထားတဲ့ ဒီဖုန်းဟာ ultrasonic in-display fingerprint scanner ပါဝင်ပြီး 4500 mAh အကြီးစား ဘက်ထရီနဲ့လာပါတယ်။


Photo: zdnet

           ၂၀၁၉ ရဲ့ အမြင့်ဆုံး processor ဖြစ်တဲ့ Snapdragon 855 SoC ပါပြီး Global/China ဈေးကွက်တွေမှာ Samsung ရဲ့ Exynos 9820 processor နဲ့ထွက်လာမှာပါ။ RAM 8GB နဲ့အတူ 256GB storage နဲ့512GB stroage ဆိုပြီး ဗားရှင်း နှစ်မျိုး ထုတ်ထားတာ ဖြစ်ပါတယ်။ Galaxy S0 5G ကို တောင်ကိုရီးယားအပြင် ယူကေမှာ EE ၊ Vodafone အော်ပရေတာများနဲ့အမေရိကန်မှာ Verizon နဲ့Sprint အော်ပရေတာတွေကနေ ရောင်းချနေပါတယ်။

           Samsung ဟာ ဂျာမဏီ ၊ စပိန် နဲ့အီတလီတို့မှာလည်း Galaxy S10 5G ဖြန့်ချိဖို့စီစဉ်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က