တရုတ်စမတ်ဖုန်းတစ်လုံးမှ မပါပါဘူး။

flagship ဖုန်းဖြစ်မှ ရောင်းအားကောင်းမယ်ဆိုရင် အခုပြောမယ့် စာရင်းက သင့်အမြင်ကို ပြောင်းလဲသွားစေမှာပါ။



ဆယ်လူလာခေတ်ကစပြီး တစ်ကိုယ်ရေသုံး ဆက်သွယ်ရေးလောကဟာ တရှိန်ထိုး မြင့်တက်လာခဲ့တယ်လို့ဆိုနိုင်ပါတယ်။ Nokia နဲ့Motorola တို့က စပြီး ဦးဆောင်ခဲ့တဲ့ ထိုအချိန်က Apple နဲ့Samsung တို့ဟာ အရွယ်မရောက်သေးတဲ့ ကလေးအဆင့်ပဲ ရှိခဲ့ပါတယ်။ ဒီအကြောင်းကို အောက်မှာ ပြောမယ့် အချက်အလက်တွေက သက်သေခံနေပါတယ်။

 

Motorola Razr V3

Motorola-Razr-V3_.jpg 

လွန်ခဲ့ဲတဲ့ ၁၄ နှစ်က Motorola ဟာ ခေတ်ကောင်းတဲ့ အချိန်ပါ။ ဆယ်လူလာဖုန်းတစ်မျိုးဖြစ်တဲ့ Motorola Razr V3 ဟာ ဒီနေ့အချိန်အထိ ရောင်းအားအကောင်းဆုံး ဖုန်းစာရင်းမှာ အမှတ်စဉ် ၁၀ နေရာက ရှိနေဆဲ ဖြစ်ပါတယ်။ တစ်လျှောက်လုံး အလုံးရေ သန်း ၁၃၀ ကျော် ရောင်းချနိုင်ခဲ့တဲ့ Motorola Razr V3 ဟာ ဒီနေ့ခေတ်အမြင်နဲ့ကြည့်ရင် အတော်ကြီးကို ဒိတ်အောက်နေသလို Motorola brand တွေကလည်း ခေတ်ကုန်သွားပြီ ဖြစ်ပါတယ်။

 

Nokia 2600

Nokia-2600.jpg 

Nokia တွေ အန်းဒရိုက်လောကထဲ တကျော့ပြန် ဝင်ရောက်လာခဲ့ပြီဆိုပေမယ့် ဈေးကွက်မှာတော့ အခုထိ သိပ်နေရာမယူနိုင်သေးပါဘူး။ သို့သော်လည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခု ကျော်ကျော်လောက်ကတော့ Nokia ဟာ ဖုန်းလောကရဲ့ ဘုရင်ပါ။ ကင်မရာတစ်လုံးမှ မပါတဲ့ မျက်နှာပြင် ၁.၅ လက်မ Nokia 2600 ဆိုရင် ဘက်ထရီကောင်းပြီး ဈေးတန်တာကြောင့် လူကြိုက်များခဲ့ပြီး အနည်းဆုံး အလုံးရေ ၁၃၅ သန်း ကျော် ရောင်းထွက်ခဲ့ပါတယ်။

 

Samsung E1100

Samsung-E1100.png 

၂၀၀၉ ထုတ် Samsung E1100 ဟာ Nokia တွေလိုပဲ ဈေးချိုပြီး တစ်ကမ္ဘာလုံးကနေ ဝယ်နိုင်အောင် ဖြန့်ချိခဲ့တာပါ။ ဒါကြောင့်ပဲ storage 1MB ပဲ ရှိတဲ့ ဒီဖုန်းဟာ အလုံးရေ သန်း ၁၅၀ ကျော် ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

Nokia 5230 ၊ Nokia 6600 ၊ Nokia 1200 ၊ Nokia 3210

Nokia-6600-768x562.jpg 

ဒီဖုန်းတွေကတော့ အလုံးရေ သန်း ၁၅၀ နဲ့အထက် ရောင်းချနိုင်ခဲ့တဲ့ Nokia စီးရီးတွေပါ။

Symbian OS နဲ့လာတဲ့ 3G ဖုန်း Nokia 5230 မှာဆို GPS chip ပါလာပြီး 2MP ကင်မရာနဲ့ RAM 128MB ပါလာတဲ့ Nokia 5230 ၊ ပုလုံးလုံး ဒီဇိုင်းနဲ့ယူရို ၆၀၀ ဝန်းကျင်တန် ဈေးကြီးလှတဲ့ ၂၀၀၃ မော်ဒယ် Nokia 6600 ၊ standby ဆို နာရီပေါင်း ၄၀၀ နီးပါး အထားခံတဲ့ အလန်းစားဘက်ထရီနဲ့Nokia 1200 ၊ ၁၉၉၉ မော်ဒယ် ဖုန်းပဲ ခေါ်လို့ရတဲ့ Nokia 3210 တို့ကတော့ ခေတ်အဆက်ဆက် ရောင်းအားအကောင်းဆုံး Nokia ဖုန်းတွေပါပဲ။

 

iPhone 6/6 Plus

iPhone-6-and-6-Plus-840x476.jpg 

ခေတ်ပေါ် ဖုန်းတစ်လုံးအနေနဲ့ရောင်းအားအကောင်းဆုံး မော်ဒယ်တစ်ခုကတော့ Apple ရဲ့ မျက်နှာပြင်အကြီးစားဆီ ဦးတည်လာတဲ့ iPhone 6 နဲ့6 Plus မော်ဒယ်တွေ ဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ မျက်နှာပြင် ၄ လက်မကနေ ၄.၇ လက်မ နဲ့၅.၅ လက်မ displays တွေကို အဆင့်မြှင့်တင်လာပြီး ဈေးပိုသက်သာတဲ့ iPhone 6 က iPhone 6 Plus ထက် ၃ ဆပိုပြီး လူကြိုက်များခဲ့ပါတယ်။ အခုချိန်အထိ iPhone 6/6 Plus ရောင်းအားဟာ အနည်းဆုံး သန်း ၂၂၀ ကျော်လာပြီလို့ဆိုပါတယ်။

 

Nokia 1110

 

ဘယ်ဖုန်းတွေ ဘယ်လောက်ပဲ ရောင်းရ ရောင်းရ Nokia 1110 ရဲ့ ရောင်းအားကိုတော့ မှီမှာ မဟုတ်ပါဘူး။ ၂၀၀၅ ထုတ် ဒီဖုန်းမှာ ကင်မရာတစ်လုံးမှ မပါသလို ၊ ကာလာဒီဇိုင်း ကလည်း ဘာမှ ဆွဲဆောင်မှုမရှိပါဘူး။ ပြောစရာတစ်ခုက အဲဒီခေတ်မှာ အဆန်းသစ်ဆုံးလို့ပြောရမယ့် Snake ဂိမ်းဆော့နိုင်တာပဲ ပါပါတယ်။ ဒါပေမယ့် ဒီဖုန်းကို တစ်ကမ္ဘာလုံးမှာ အလုံးရေ သန်း ၂၅၀ နဲ့အထက် အနည်းဆုံး ရောင်းချပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က