တစ်ချို့ကလည်း ကျောဘက်မှာ ကင်မရာ ၄ လုံးသုံးမယ်လို့ဆိုပါတယ်
Nyein Min Wai

Samsung အနေနဲ့ကုမ္ပဏီရဲ့ high-end မော်ဒယ် စမတ်ဖုန်းသစ်တွေကို လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။

Photo: GSMArena



         ဆန်ဖရန်စစ္စကိုမှာ ကျင်းပသွားမယ့် Galaxy Unpacked ပွဲမတိုင်ခင်မှာ ဒီဖုန်းကို သုံးနေတဲ့ ပုံတွေ ပေါက်ကြားလာပြီ ဖြစ်ပါတယ်။ တရားဝင် မိတ်ဆက်ပွဲမှာ Samsung အနေနဲ့Galaxy S10 series သစ် ၃ မျိုးကို ကြေညာသွားဖို့ရှိပြီး Galaxy S10+ ကတော့ ရှေ့နောက် ကင်မရာ ၅ လုံးနဲ့လာမယ်လို့သတင်းထွက်ထားပါတယ်။

         Galaxy S10 Plus ကို ကိုင်ဆောင်ထားကြောင်း ပေါက်ကြားလာတဲ့ ပုံတစ်ပုံမှာ ဒီဖုန်းဟာ ကောလာဟလတွေ မှန်တယ်ဆိုတာကို ပြနေပါတယ်။ Infinity O display လို့ခေါ်တဲ့ display မှာ အပေါက်ထွင်းထားတဲ့ selfie ကင်မရာစနစ်ကို အသစ်ထွက်လာမယ့် Galaxy S10 series သစ်မှာ မြင်ရမှာပါ။ Galaxy S10 Plus မှာတော့ display ရဲ့ ညာဘက်အပေါ်ထောင့်မှာ punch hole ကင်မရာအပေါက်နဲ့dual selfie ကင်မရာတွေ ပါလာတာ တွေ့ရပါတယ်။

         Infinity O display ရဲ့ အားသာချက်တစ်ခုက အရင် Galaxy S9+ တို့ထက် အများကြီး ဘေးဘောင်းတွေ ပါးစေမှာပါ။ လက်ရှိကြားထားတဲ့ သတင်းတွေမှာ Galaxy S10 Plus ဟာ မျက်နှာပြင် ၆.၄၄ လက်မ Super AMOLED screen ကို သုံးသွားမယ်လို့ဆိုပါတယ်။ ဒီလို အရွယ်အစားကြီးတဲ့ ဖုန်းတစ်လုံးကို လက်တစ်ဖက်တည်းနဲ့သက်တောင့်သက်တာ သုံးနေတာကို ကြည့်ရရင် ဖုန်းကိုယ်ထည်ဖွဲ့စည်းမှုဟာ လက်နဲ့ကိုင်လို့အဆင်ပြေအောင် သေးထားဖို့ရှိပါတယ်။

         Galaxy S10 Plus ရဲ့ ကျောဘက်ကင်မရာ နဲ့ပတ်သက်ပြီး ကွဲလွဲတဲ့ သတင်းတစ်ပုဒ်ကတော့ ဒီဖုန်းဟာ ကျောဘက်မှာ Quad-lens ဆိုတဲ့ ကင်မရာ ၄ လုံးစနစ်ကို သုံးသွားမလားဆိုတဲ့ အချက် ဖြစ်ပါတယ်။ တကယ်လို့သာ ကျောဘက် ကင်မရာ ၄ လုံး သုံးမယ်ဆိုရင် Galaxy S10 Plus ဟာ ကင်မရာ ၅ လုံးအထိ ပါဝင်မယ့် ဖုန်းဖြစ်ဖို့ရှိပါတယ်။

Photo: Android Central

         UI အနေနဲ့လည်း Samsung ဟာ One UI သစ်ကို မိတ်ဆက်ထားပြီ ဖြစ်လို့Galaxy S10 မော်ဒယ်သစ်တွေမှာ ဒီ UI စနစ်ကို မြင်ရမှာ သေချာသလောက် ရှိပါတယ်။ တကယ့်အချက်အလက် အစစ်အမှန်ကိုတော့ တရားဝင်မိတ်ဆက်ပွဲမှာမှ သိရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က