108MP wide lens ပါတဲ့ ဖုန်းပါ

တရုတ်ဈေးကွက်မှာ မိတ်ဆက်ခဲ့တဲ့ Xiaomi Mi 10 စီးရီး ဖုန်းသစ်တွေကို ဥရောပမှာ ဖြန့်ချိလာပြီလို့ ဆိုပါတယ်။

Xiaomi ရဲ့ ဆယ်ခုမြောက် Flagship Mi စီးရီးသစ်တွေဟာ ကင်မရာစနစ်နဲ့ ဒီဇိုင်းပိုင်းမှာ သိသိသာသာ ပြောင်းလဲမှု လုပ်ထားတဲ့ ဖုန်းတွေပါ။ flagship ဖုန်းတွေဖြစ်တဲ့ အတိုင်း ၂၀၂၀ ထုတ် 5G ရတဲ့ ဖုန်းတွေ ဖြစ်ပြီး Snapdragon 865 processor သစ်ကို သုံးလာပါတယ်။ Xiaomi Mi 10 နဲ့ Mi 10 Pro တို့ဟာ ဒီဇိုင်းပိုင်းနဲ့ features တော်တော်များများ တူပါတယ်။



Photo: GSMArena

ဖုန်းနှစ်မျိုးစလုံးဟာ punch-hole ဒီဇိုင်းနဲ့ လာပြီး ကျောဘက်မှာ ထောင်လိုက် ကင်မရာ ၄ လုံးတန်း သုံးထားပါတယ်။ Xiaomi Mi 10 နဲ့ Mi 10 Pro တို့ဟာ ၆.၆၇ Curved AMOLED display နဲ့ လာပြီး မှန်ပြင်အောက် လက်ဗွေစနစ် ပါရှိပါတယ်။ FHD+ resolution ပါ ဒီ display ဟာ 90Hz refresh rate ရထားပြီး 180Hz touch-sensing စနစ်လည်း သုံးထားပါတယ်။

punch-hole ထဲမှာ 20MP selfie ကင်မရာပါရှိပြီး ဖုန်းနှစ်လုံးစလုံးဟာ ကျောဘက်ကင်မရာပိုင်းမှာ နည်းနည်းကွဲပြားသွားပါတယ်။ Xiaomi Mi 10 ဟာ 8K resolution နဲ့ ဗွီဒီယို ရိုက်ကူးနိုင်ပြီး OIS ရုပ်ငြိမ်စနစ်ပါ 108MP wide lens ၊ 13MP ultrawide shooter ၊ 2MP macro ကင်မရာနဲ့ 2MP depth sensor များ သုံးထားပါတယ်။ Pro မော်ဒယ်မှာ OIS နဲ့ EIS ရုပ်ငြိမ်စနစ်များ ပါဝင်တဲ့ 108MP 8P lens နဲ့အတူ 12MP portrait lens ၊ 10x hybrid zoom ပါ 8MP telephoto နဲ့ 20MP ultrawide ဆိုပြီး ပါရှိပါတယ်။ 

Xiaomi Mi 10 ဟာ 30W fast charging စနစ်ပါ 4780 mAh ဘက်ထရီ နဲ့ Mi 10 Pro မှာ 50W fast charging စနစ်ပါ 4500mAh ဘက်ထရီ သုံးထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ 30W wireless charging စနစ်နဲ့ တစ်ခြားဖုန်းတွေကို ကြိုးမဲ့အားပြန်သွင်းပေးနိုင်မယ့် 5W Reverse Wireless charging နည်းပညာ ပါရှိပါတယ်။ Mi 10 ဟာ RAM 12GB/256GB storage အထိ ပါပြီး Pro မော်ဒယ်မှာတော့ RAM 12GB နဲ့ 512GB storage အတွဲအထိ သုံးထားပါတယ်။

Photo: xiaomist

ဥရောပဈေးကွက်တွေမှာ Xiaomi Mi 10 (8GB/128GB) ဗားရှင်းကို ၇၉၉ ယူရို (မြန်မာငွေ ၁၂ သိန်းခွဲ)ဈေး ၊ RAM 8GB/256GB storage မော်ဒယ်ကို ၈၉၉ ယူရို (မြန်မာငွေ ၁၄ သိန်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ Mi 10 Pro (8GB/256GB) ကို ၉၉၉ ယူရို ( မြန်မာငွေ ၁၅ သိန်းခွဲခန့်) ဈေးနဲ့ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က