SDG 865 SoC သုံးလာဖို့ ရှိပါတယ်။
Nyein Min Wai

Asus ဟာ ကင်မရာကို ခေါက်လှန်နိုင်မယ့် Flip ကင်မရာစနစ်သုံး စမတ်ဖုန်းသစ်နှစ်မျိုးကို မကြာခင် မိတ်ဆက်သွားမယ်လို့ သတင်းထွက်နေပါတယ်။

Asus ZenFone 7 စီးရီးအဖြစ် ထွက်လာမယ့် Asus ZenFone 7 နဲ့ ZenFone 7 Pro တို့ဟာ high-end အမျိုးအစားဖုန်းတွေ ဖြစ်ပြီး နောက်ဆုံးပေါ် Flagship processor သုံးသွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ Qualcomm ဟာ Snapdragon 865 SoC ရမယ့် ဖုန်းတွေ ကြေညာခဲ့ပြီး ဒီထဲမှာ ZenFone 7 တို့လည်း ပါဝင်နေပါတယ်။ 

Photo: mytechnewsindia

ဖုန်းနှစ်မျိုးစလုံးဟာ အနက်နဲ့ အဖြူ ကာလာ ၂ ရောင်နဲ့ လာပြီး ZenFone 6 မှာ မိတ်ဆက်ခဲ့တဲ့ ရှေ့နဲ့ နောက်ကို လှန်နိုင်မယ့် flip camera စနစ် သုံးလာမယ်လို့ ဆိုပါတယ်။ notchless AMOLED screen အမျိုးအစား သုံးသွားမှာ ဖြစ်ပြီး flip camera စနစ်ကြောင့် screen မှာ selfie နေရာ ပါလာမှာ မဟုတ်ပါဘူး။

ZenFone 7 နဲ့ ZenFone 7 Pro တို့ဟာ မှန်ပြင်အောင် လက်ဗွေနည်းပညာနဲ့အတူ 5G ကွန်ရက်ချိတ်ဆက်မှုလည်း ပါရှိမှာပါ။ သတင်းတွေမှာတော့ RAM 16GB အထိ သုံးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။ Asus ဟာ ဇူလိုင် ၂၂ ရက်နေ့မှာ ROG Phone 3 ကိုလည်း ကြေညာသွားဖို့ ရှိပြီး ZenFone 7 စီးရီးကတော့ ROG Phone 3 ထက် ဈေးပိုသက်သာဖို့ ရှိပါတယ်။

Asus ရဲ့ ဒီဖုန်းသစ်တွေကိုလည်း ဇူလိုင်လထဲမှာ မိတ်ဆက်သွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က