၂၀၂၀ မှာ မြင်ရမယ့် Samsung ရဲ့ foldable ဖုန်းဒီဇိုင်းသစ်လား
Nyein Min Wai

Samsung Developer Conference ပွဲနဲ့အတူ အပေါ်အောက် ခေါက်သိမ်းနိုင်မယ့် concept ဖုန်းဒီဇိုင်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။


concept ဒီဇိုင်းသစ်ဟာ လက်ရှိ foldable ဖုန်းတွေလိုမျိုး ထောင်လိုက် ဘေးတိုက်ခေါက်တာမျိုး မဟုတ်ပါဘူး။ ဖုန်းကို အလယ်ကနေ ထက်ဝက်ချိုး ခေါက်ထားတာကြောင့် စတုရန်းကျတဲ့ ဒီဇိုင်း ဖြစ်လာပါတယ်။ SDC 2019 ပွဲမှာ Samsung ဟာ လက်ရှိ မိတ်ဆက်ထားတဲ့ Galaxy Fold နဲ့concept ဒီဇိုင်းသစ် ခေါက်ဖုန်းဒီဇိုင်းကို ယှဉ်တွဲ ပြသသွားခဲ့ပါတယ်။





Samsung ရဲ့ foldable ဒီဇိုင်းသစ်ဟာ Galaxy Fold 2 ဒါမှမဟုတ် Galaxy Fold Square သစ်အဖြစ် မိတ်ဆက်မယ်လို့တရားဝင် ကြေညာထားတာတော့ မရှိပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာကတည်းက Bloomberg ကနေ Samsung ဟာ အတွင်းဘက်ကို စတုရန်းပုံစံ ခေါက်သိမ်းနိုင်မယ့် compact square ပုံစံ ခေါက်ဖုန်းသစ် ထုတ်မယ်လို့ဖော်ပြခဲ့ဖူးပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ Samsung ကနေ မိတ်ဆက်သွားဖွယ်ရှိတဲ့ ခေါက်ဖုန်းသစ်ဟာ မျက်နှာပြင် ၆.၇ လက်မရှိပြီး လက်ရှိ Galaxy Folde ထက် ပိုမိုပါးလွှာပြီး ဈေးသက်သာမယ်လို့ပါ သတင်းထွက်ပါတယ်။ foldable ပြဿနာကြောင့် ဈေးကွက်ဝင် နောက်ကျခဲ့တဲ့ Galaxy Fold ဟာ တန်ဖိုးကြီး ပရီမီယံဖုန်းဖြစ်ပြီး ဒေါ်လာ ၁၉၈၀ ဈေးနဲ့ရောင်းချနေတာပါ။

ဒုတိယမျိုးဆက် Galaxy Fold ဖုန်းဟာ Galaxy Note 10 လိုမျိုး punch hole selfie ကင်မရာ နဲ့လာဖို့ရှိပြီး အပြင်ဘက်မှာ ကင်မရာ ၂ လုံး သုံးမယ်လို့လည်း ဆိုပါတယ်။ Samsung Developer Conference မှာ ကုမ္ပဏီအနေနဲ့foldable ထုတ်ကုန် ပုံစံသစ်တွေ ဖော်ထုတ်သွားမယ်လို့ပါ ကတိပြုထားပါတယ်။ ဖုန်းအလယ်ကနေ အပေါ်အောက် အလျားလိုက်ခေါက်လိုု့ရမယ့် ဒီ foldable ဒီဇိုင်းဟာ ခေါက်ထားချိန်မှာ build-in stand တစ်ခု ဖြစ်လာမှာ ဖြစ်လို့hands-free အလွတ် သုံးချိန်တွေမှာ အတော်လေး မိုက်မှာပါ။

SDC 2019 ပွဲမှာ Samsung ဟာ One UI 2 သစ်ကို မိတ်ဆက်ထားပြီး ပိုမိုရိုးရှင်းသပ်ရပ်လာတဲ့ ဒီ UI သစ်မှာ Samsung Keyboard ကို အဆင့်မြှင့်တင်မှုတွေ လုပ်ထားသလို animations နဲ့Dark Mode ပိုင်းမှာလည်း ပိုပြီး ကြည့်လို့အဆင်ပြေလာမှာပါ။


က္က