Xiaomi ကတော့ ဒီစာရင်းမှာ မပါသေးပါဘူး။

အန်းဒရိုက်စနစ်သုံး ဖုန်းတွေမှာ Fortnite ကစားနိုင်တော့မယ့် သတင်းက ပျော်စရာပါ။ တစ်ခုရှိတာက အန်းဒရိုက်ဖုန်းတိုင်းတော့ ဆော့နိုင်ဦးမှာ မဟုတ်ပါဘူး။



Fortnite-Mobile-Note-9.png

photo: XDA Developers

 

Fortnite Mobile ဗားရှင်းကို ရေးဆွဲတဲ့ Epic Games ရဲ့ ဝက်ဘ်ဆိုက်မှာ ထွက်ပေါ်လာတဲ့ စာရင်းအရ ဒီဂိမ်းကို ဆော့နိုင်မယ့် အန်းဒရိုက်ဖုန်းစာရင်း သိလာပါပြီ။ Fortnite ကို ကစားမယ့်ဖုန်းဟာ processor အမြင့်ကြီး မလိုသလို RAM ပမာဏလည်း အများကြီး မတောင်းပါဘူး။ ဥပမာ- Moto E4 Plus လို quad-core Mediiatek MT6737 chipset နဲ့RAM 3GB ပဲ သုံးထားတဲ့ ဖုန်းမှာတောင် ဒီဂိမ်းဆော့နိုင်တဲ့ စာရင်းမှာ ပါရှိပါတယ်။

အစောပိုင်းက Fortnite ကို မကြာခင် မိတ်ဆက်သွားမယ့် Samsung Galaxy Note 9 မှာပဲ စပြီး ထည့်ပေးသွားမယ်လို့သတင်းထွက်ထားတာပါ။ Galaxy Note 9 မှာပဲ ရက် ၃၀ သီးသန့်ဖြန့်ချိသွားမှာ ဖြစ်ပြီး အဲဒီ တစ်လတာ ကုန်မှသာ Fortnite အန်းဒရိုက်ဗားရှင်းကို တစ်ခြား ဖုန်းတွေမှာ ကစားနိုင်အောင် ပံ့ပိုးပေးသွားမယ်လို့ဆိုပါတယ်။ ဒီသတင်းက ဆက်ပြီး အတည်ပြုနိုင်ဖို့စောင့်ကြည့်ရဦးမှာပါ။

လက်ရှိ Epic Games ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာတော့ Fortnite Mobile အန်းဒရိုက်ဗားရှင်းကို ဖုန်းပေါင်း ၄၀ ခန့်မှာ ကစားနိုင်အောင် ပံ့ပိုးပေးသွားမယ်လို့ဖော်ပြထားပါတယ်။ ဒီထဲမှာ Samsung ၊ LG ၊ Google Pixel ဖုန်း တွေနဲ့Huawei brands တွေ ပါဝင်နေပါတယ်။

ထူးခြားတာက Huawei P20 စီးရီး ၊ Essential PH-1 ၊ LG G7 ၊ HTC ဖုန်းများ ၊ OnePlus series  ၊ Xiaomi ၊ Sony ရဲ့ နောက်ဆုံးထွက် flagship မော်ဒယ်များ နဲ့Nokia ဖုန်းအများစုကတော့ ဒီစာရင်းမှာ ပါမလာသေးပါဘူး။ ဒီလိုမျိုး အန်းဒရိုက်ဖုန်းတိုင်း မဆော့နိုင်သေးတာကလည်း Epic Games အနေနဲ့ဈေးကွက်သစ်မှာ ဂိမ်းရဲ့ လုပ်ဆောင်ချက် အဆင်ပြေမပြေ သိဖို့ပထမဆုံး ခြေလှမ်းဖြစ်လို့စောင့်ကြည့်တဲ့ အနေအထားလည်း ဖြစ်နိုင်ပါတယ်။

Fortnite ကို အန်းဒရိုက်ဗားရှင်းအနေနဲ့မိတ်ဆက်မယ့် အချိန်မှာ Epic Games ဟာ CPU အနေနဲ့Qualcomm Snapdragon 430 ၊ Mediatek MT6737 ၊ Samsung Exynos 7870 ၊ Hisilicon Kirin 655 တို့ကို အနိမ့်ဆုံး ထားသုံးတဲ့ ဖုန်းတွေ နဲ့RAM 3GB အနည်းဆုံး ပါတဲ့ မော်ဒယ်တွေကို ရွေးထားတာပါ။

photo: Android Authority

 

PUBG ကို စွဲစွဲမြဲမြဲ ဆော့ဖူးသူတွေအနေနဲ့Fortnite ကို အန်းဒရိုက်ဗားရှင်းအဖြစ် ဆော့ချိန်မှာလည်း နှစ်သက်သဘောကျဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က