mid-ranger တွေ 5G ပါတော့မလား
Nyein Min Wai

Samsung Galaxy A90 5G ကတော့ Galaxy A-series ထဲမှာ ပရီမီယံအကျဆုံး ဖုန်းဖြစ်မှာပါ။

ထွက်ရှိမယ့်ရက် မသိရသေးပေမယ့် ဒီဖုန်းအကြောင်း အင်စတိတာနက်ပေါ်မှာ သတင်းတွေ ပျံ့နေပါတယ်။ Galaxy A90 5G ဗူးနဲ့တကွ တက်လာတဲ့ ပုံကတော့ ဖုန်းရဲ့ ဒီဇိုင်းတင်မဟုတ်ဘဲ အဓိကကျတဲ့ spec တွေပါ ပါလာတာပါ။


Photo: Android Central


SlashLeaks ကနေ တင်ထားတဲ့ Galaxy A90 5G ဖုန်းပုံမှာ Infinity U display သုံးထားတာ တွေ့ရပြီး စတိန်းလတ်စတီး ဖရိမ်ကွပ်ထားတဲ့ပုံ ဖြစ်နေပါတယ်။ အဖြူရောင်ကာလာနဲ့လာပြီး ကျောဘက် panel ဟာ မှန်သား ဖြစ်ဖို့များပါတယ်။

ထောင်လိုက် ကင်မရာ ၃ လုံးတွဲ စနစ်ကိုလည်း ကျောဘက်မှာပဲ တွေ့ရပြီး fingerprint scanner မမြင်ရလို့မှန်ပြင်အောက်မှာ လက်ဗွေထားတဲ့ စနစ်ကို သုံးသွားမလား စောင့်ကြည့်ရမှာပါ။ ကင်မရာ သုံးလုံးတွဲမှာ ပင်မ ကင်မရာအဖြစ် သုံးမယ့် ကင်မရာဟာ 48MP ကင်မရာ ဖြစ်ပြီး 5MP နဲ့8MP ကင်မရာ သုံးလုံး သုံးမယ်လို့India Today ဝက်ဘ်ဆိုက်က ဆိုပါတယ်။

RAM 6GB/128GB storage နဲ့processor မှာ Snapdragon 855 SoC ကို သုံးသွားဖို့ရှိနေပါတယ်။ Galaxy A90 5G ဟာ နာမည်အတိုင်းပဲ 5G ကွန်ရက် ချိတ်ဆက်နိုင်မယ့် ဖုန်းဖြစ်လို့5G modem ဖြစ်တဲ့ X50 modem ပါလာဖို့ရှိပါတယ်။ ဘက်ထရီပါဝါဟာ Galaxy Note 10+ လိုမျိုး 45W support ပေးမယ့် 4500 mAh ဘက်ထရီ ဖြစ်ဖို့ရှိပါတယ်။


Photo: droidholic

သတင်းတွေမှာတော့ Galaxy A90 5G ဟာ မျက်နှာပြင် ၆.၇ လက်မ Super AMOLED display နဲ့32MP selfie ကင်မရာ သုံးသွားဖို့ရှိတယ်လို့ဆိုပါတယ်။ Galaxy A90 အနေနဲ့4G standard ဗားရှင်းကိုလည်း အိန္ဒိယမှာ ဖြန့်ချိသွားဖို့ရှိပြီး အခုထိတော့ တရားဝင် အတည်ပြုချက် ထွက်မလာသေးပါဘူး။


က္က