အလုံးရေ ၃ သန်းအထိ ရောင်းချနိုင်ဖို့ မျှော်လင့်ားပါတယ်

Samsung ရဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်းသစ်ကို ဒီနှစ် ဩဂုတ်လထဲမှာ မိတ်ဆက်သွားဖို့ ရှိပါတယ်။

Phone Arena သတင်းအရ Samsung ဟာ Galaxy Fold 2 အကြီးအကျယ် ထုတ်လုပ်ဖို့အတွက် suppliers များကို ချိတ်ဆက်နေပြီလို့ ဆိုပါတယ်။ နောက်အသစ်ထွက်လာမယ့် Foldable ဖုန်းအတွက် ပစ္စည်းအစိတ်အပိုင်းတွေကိုလည်း စတင်မှာယူနေပြီဖြစ်လို့ မကြာခင် ထုတ်လုပ်မှု လုပ်ဆောင်နိုင်ဖို့ ရှိပါတယ်။



Photo: researchsnipers


Galaxy Fold 2 ဟာ Galaxy Note 20 line up နဲ့ အတူ ဩဂုတ်လထဲမှာ စတင်မိတ်ဆက်သွားဖို့ ရှိပြီး ဈေးကွက်ထဲ တင်ပို့မှုကိုတော့ စက်တင်ဘာလထဲမှာ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ Galaxy Z Flip နဲ့ မတူတဲ့ အချက်က Galaxy Fold 2 ဟာ ပိုပြီး flagship ကျတဲ့ ဖုန်းတစ်လုံးအဖြစ် မြင်ရဖို့ ရှိတယ်ဆိုတဲ့ အချက်ပါပဲ။

main display ဟာ ၇.၅၉ လက်မရှိပြီး 120Hz refresh rate ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။ နောက်ထပ်ကြားရတဲ့ သတင်းတွေကလည်း စိတ်ဝင်စားစရာပါ။ Galaxy Fold 2 ဟာ punch hole selfie ကင်မရာနဲ့ လာပြီး S-Pen နဲ့လည်း သုံးနိုင်မယ်ဆိုတာပါပဲ။ display မှာတော့ Galaxy Z Flip မှာ သုံးသွားတဲ့ Ultra-Thin Glass ကို သုံးသွားမှာပါ။ ပထမမျိုးဆက် Galaxy Fold မှာ သုံးတဲ့ Polyamide(PI) ပလတ်စတစ်ထက် ပိုအကြမ်းခံမယ့် ခေါက်သိမ်းနိုင်မှန် ဖြစ်ပါတယ်။



Photo: somagnews

ကျောဘက်မှာ dual OIS (Optical Image Stabilization) ပါ သုံးလုံးတွဲကင်မရာ (12MP + 16MP + 64MP) နဲ့ လာဖို့ ရှိပြီး Galaxy Fold ထက်လည်း နည်းနည်း ဈေးသက်သာဖို့ ရှိပါတယ်။ ဈေးကွက်သုတေသီတစ်ဦး ဖြစ်တဲ့ ရော့စ်ယန်းကတော့ ဒီထုတ်ကုန်ဟာ ဒေါ်လာ ၁၈၈၀ နဲ့ ၁၈၉၅ ဒေါ်လာအကြား ကျသင့်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ စက်တင်ဘာမှာ မိတ်ဆက်သွားတဲ့ Galaxy Fold ထက် ‌ဒေါ်လာ ၁၀၀ ခန့် ပိုနည်းတဲ့ ဈေး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ Galaxy Fold စုစုပေါင်း ၅ သိန်းခန့်ပဲ ရောင်းချနိုင်ခဲ့ပေမယ့် ဒီနှစ်ထဲမှာ ထွက်မယ့် Galaxy Fold 2 ကတော့ အလုံးရေ ၂ သန်းခွဲကနေ ၃ သန်းအထိ တင်ပို့နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က