မေလကုန် ဈေးကွက်ထဲ မပို့ဖြစ်ရင် cancel လုပ်သွားမှာပါ

display ပြဿနာတက်ပြီးနောက် Samsung ဟာ ဈေးကွက်တွေမှာ Galaxy Fold မိတ်ဆက်မယ့် ရက် ရွှေ့ဆိုင်းခဲ့သလို pre-order မှာယူမှုတွေလည်း ပယ်ဖျက်ဖို့ရှိနေပါတယ်။

         Samsung ရဲ့ ပထမဆုံး ဈေးကွက်ဝင် ခေါက်သိမ်းနိုင် စမတ်ဖုန်း Galaxy Fold ကို မေလ ၃၁ ရက်နေ့အထိ တင်ပို့ရောင်းချမှုမလုပ်နိုင်ဘူးဆိုရင် Samsung အနေနဲ့ Galaxy Fold အော်ဒါမှာယူမှုကို ပယ်ဖျက်သွားဖို့ရှိတယ်လို Business Insider သတင်းက ဖော်ပြထားပါတယ်။



Photo: TechRadar

         Business Insider ဟာ ဖောက်သည်တစ်ယောက်ဆီ Samsung ကနေ ပေးပို့တဲ့ အီးမေးလ်ကို ကိုးကားဖော်ပြခဲ့တာပါ။ ဒီအီးမေးလ်ထဲမှာ "အော်ဒါအမှာစာနဲ့ပတ်သက်ပြီး သင့်ဆီက မကြားခဲ့ရင် ၊ ကျွန်တော်တို့ဘက်ကလည်း မေလ ၃၁ ရက်နေ့အထိ ပစ္စည်း မပို့နိုင်ဘူးဆိုရင် ဖုန်းအမှာစာဟာ အလိုအလျောက် cancel ဖြစ်သွားမှာပါ" လို့ဆိုပါတယ်။

         Galaxy Fold ဟာ ဧပြီလ ၂၆ ရက်နေ့က တရားဝင် ဖြန့်ချိဖို့စီစဉ်ထားပေမယ့် ဈေးကွက်ထဲ မဖြန့်ချိခင် reviewers တွေ လက်ထဲ ပေးသုံးရာမှာ Galaxy Fold display တွန့်ခေါက်ပြီး အလုပ်မလုပ်တဲ့ ပြဿနာကြုံခဲ့ပါတယ်။ အစောပိုင်း ထုတ်လုပ်တဲ့ Galaxy Fold ဟာ screen တဖျပ်ဖျပ်လက်တာ ၊ screen အလုပ်မလုပ်တဲ့ ပြဿနာတွေ ဖြစ်ခဲ့ပါတယ်။  

Galaxy Fold လို့နာမည်ပေးထားတဲ့ ဒီဖုန်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က Samsung Galaxy S10 ၊ S10e နဲ့S10 Plus တို့နဲ့အတူ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Infinity Flex လို့ခေါ်တဲ့ Samsung ရဲ့ foldable display နည်းပညာ ပါပြီး ဖုန်း display အခေါက်အပိတ်ကို အကြိမ်ပေါင်း သိန်းနဲ့ချီ အဖွင့်အပိတ် လုပ်နိုင်တယ်လို့ဆိုပါတယ်။ ဒီဖုန်းဟာ တက်ဘလက်တစ်လုံးလို display တစ်ခုလုံး ဖြန့်ထားချိန်မှာ မျက်နှာပြင် ၇.၃ လက်မရှိပြီး ခေါက်သိမ်းထားချိန်မှာ ၄.၆ လက်မ screen size ပါရှိတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။

Photo: CNET

Qualcomm ရဲ့ နောက်ဆုံးပေါ် 7nm octa-core Snapdragon 855 processor ၊ RAM 12GB အပြင် ဘက်ထရီ ၂ လုံးခွဲပြီး ထည့်သွင်းထားတာပါ။ ခေါက်ထားချိန်မှာ တစ်ခုချင်းစီရှိနေတဲ့ ဒီဘက်ထရီနှစ်မျိုးပေါင်းရဲ့ပါဝါက 4380 mAh ဖြစ်ပါတယ်။ ကင်မရာစနစ်မှာ Galaxy Fold ဟာ စုစုပေါင်း ကင်မရာ ၆ လုံးနဲ့လာတဲ့ ဖုန်းပါ။

         reviewers တွေ လက်ထဲရောက်ပြီး ပြဿနာတက်ခဲ့တာကြောင့် Samsung ဟာ တရုတ် ၊ အမေရိကန် ၊ စကာၤပူနဲ့စပိန်တို့မှာ Galaxy Fold ဖြန့်ချိမယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ လက်ရှိ Foldable phone ဈေးကွက်ထဲမှာ Royole Corporation ရဲ့ FlexPai ဖုန်း ၊ Samsung Galaxy Fold နဲ့Huawei ရဲ့ Mate X ဖုန်းသုံးမျိုးပဲ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က