display ကို ၃ ခေါက်ခေါက်နိုင်တာက လန်းပါတယ်

ဈေးကွက်မှာ foldable phone သုံးမျိုးထွက်ထားပြီး အနည်းဆုံး ဒေါ်လာ ၁၃၀၀ ကနေ ဒေါ်လာ ၂၆၀၀ အထိ ဈေးတွေနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။

         ကမ္ဘာပေါ်မှာ ပထမဆုံး display ကို ခေါက်သိမ်းနိုင်တဲ့ foldable ဖုန်းအနေနဲ့ထွက်လာတဲ့ဖုန်းကတော့ FlexPai ဆိုတဲ့ ဖုန်းဖြစ်ပြီး Royole Corportaion ကနေ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလထဲမှာ ထုတ်ခဲ့တာပါ။ နောက်ထပ်နာမည်ကြီးတဲ့ foldable phone တွေအဖြစ် Samsung Galaxy Fold နဲ့Huawei Mate X တို့ဖြစ်ပြီး luxury ဖုန်းတွေလည်း ဖြစ်ပါတယ်။



Photo: GSMArena

      Galaxy Fold နဲ့Huawei Mate X မှာ ဈေးနည်းပါတယ်ဆိုတဲ့ Galaxy Fold တောင် ဒေါ်လာ ၁၉၈၀ (မြန်မာငွေ သိန်း ၃၀ ကျော်) ဈေးနဲ့ရောင်းချနေတာ ဖြစ်ပြီး Huawei Mate X ကတော့ ဒေါ်လာ ၂၆၀၀ (မြန်မာငွေ ၄၀ ကျော်) ရှိပါတယ်။ Xiaomi ရဲ့ foldable ဖုန်းကတော့ ထွက်ဖူးသမျှ foldable ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံး ဖြစ်ပြီး ၉၉၉ ဒေါ်လာ ပဲ ကျသင့်မယ်လို့ဆိုပါတယ်။

         မိုဘိုင်းနဲ့ထုတ်ကုန်သတင်းတွေ ရေးသားတင်ဆက်နေတဲ့ iGyaan အရ Xiaomi ဟာ ဒီဖုန်းကို Mi Fold (သို့မဟုတ်) Mi Flex နာမည်တစ်မျိုးမျိုး ပေးသွားဖို့ရှိပြီး ဈေးကိုတော့ အမေရိကန်ဈေးကွက်မှာ ၉၉၉ ဒေါ်လာ ၊ ဥရောပမှာ ၉၉၉ ယူရို နဲ့အိန္ဒိယမှာ ၇၄၉၉၉ ရူပီးဈေးတွေနဲ့ရောင်းချသွားမယ်လို့ဖော်ပြထားပါတယ်။ Mi Fold ဈေးကွက်ထဲ ဝင်မယ့်အချိန်ကတော့ ဧပြီနဲ့ဇွန်လအကြားဖြစ်ပြီး တရုတ်ဈေးကွက်မှာ အဦးဆုံး ဖြန့်ချိပြီးမှ ကမ္ဘာ့ဈေးကွက်ကို တင်မှာပါ။



       Xiaomi Mi Fold အနေနဲ့Galaxy Fold ထက် ဈေးထက်ဝက်နီးပါး သက်သာရတဲ့ အကြောင်းတစ်ခုကတော့ Xiaomi ဟာ Visionox Technology ကနေ ထုတ်တဲ့ OLED display ကို သုံးပြီး လိုသလောက်ပဲ အော်ဒါမှာတာကြောင့် ဖုန်းဈေးနှုန်းကို ပြိုင်ဘက်တွေထက် လျှော့နိုင်တာလို့ဆိုပါတယ်။ display ပိုင်း စွမ်းရည်မှာGalaxy Fold နဲ့Mate X တို့မှာ သုံးထားတဲ့ OLED panel နဲ့ရင်ဘောင်တန်းနိုင်မယ့် display ဖြစ်မဖြစ်ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။   

flagship ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း Xiaomi Mi Fold/Mi Flex ဟာ Snapdragon 855 SoC ကိုမှ RAM 10GB နဲ့လာဖို့ရှိပါတယ်။ ဒီဖုန်းရဲ့ နမူနာ video ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက တင်ထားတာဖြစ်ပြီး ၃ ခေါက်ချိုးခေါက်နိုင်တဲ့ foldable ဖုန်းအဖြစ် ထွက်လာတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က