A series နဲ့ပေါင်းသွားမှာပါ
Nyein Min Wai

အိန္ဒိယ နဲ့လက်တင်အမေရိကဈေးကွက်တွေမှာ နေရာရပြီးသား တန်ဖိုးသင့် Galaxy J series တွေကို Samsung ဟာ အနားပေးလိုက်ပြီ ဖြစ်ပါတယ်။

         mid-tier ဈေးကွက်ကို ပစ်မှတ်ထားပြီး ၂၀၁၅ ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ Galaxy J အမှတ်တံဆိပ်ဖုန်းတွေဟာ Samsung ရဲ့ တန်ဖိုးအနည်းဆုံး စမတ်ဖုန်း brand တွေထဲမှာ ပါဝင်ပါတယ်။ Samsung ဟာ Galaxy M series သစ်နဲ့A series တွေကို ဖွံ့ဖြိုးလာတဲ့ ဈေးကွက်တွေမှာရောင်းအားမြှင့်ဖို့အတွက် Galaxy J series တွေ ဆက်ထုတ်ဖို့ရပ်ဆိုင်းလိုက်တာပါ။

Photo: androidauthority

         XDA Developers ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ Samsung ဟာ Galaxy J ဖုန်းစီးရီးတွေကို Galaxy A ထုတ်ကုန်တွေမှာ ပူးပေါင်းသွားမယ်လို့တရားဝင် ကြေညာထားပါတယ်။ J series တွေကို ဘာကြောင့် ဖျက်သိမ်းလိုက်ရသလဲ ဆိုတဲ့ အဓိက အကြောင်းရင်းကို မသိရပေမယ့် Samsung အနေနဲ့Galaxy A series တွေရဲ့ ရောင်းအားကို ပိုပြီး အာရုံစိုက်ဖို့အခုလို ဆုံးဖြတ်လိုက်တာလို့ယူဆစရာ ရှိပါတယ်။

         Galaxy A ဆိုတဲ့ နာမည်မှာကိုက A ဟာ ဈေးသက်သာတယ်ဆိုတဲ့ Affordable နဲ့ဆွဲဆောင်မှု ရှိရမယ်ဆိုတဲ့ Attractive ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါဝင်နေပါတယ်။ နောက်ဆုံးထွက်ထားတဲ့ Samsung ရဲ့ ပရိုမိုဗွီဒီယိုတစ်ခုမှာ Galaxy A စီးရီးတွေဟာ ပရီမီယံ လုပ်ဆောင်ချက်နဲ့Specs တွေ သုံးဖို့အာရုံစိုက်လာမယ်လို့ဖော်ပြထားပါတယ်။ Galaxy A တွေဟာ အမြင့်စား features တွေ သုံးသွားမှာ ဖြစ်ပေမယ့် Galaxy S နဲ့Note series တို့လို ultra-premium ဖုန်းတွေနဲ့တော့ တစ်တန်းတည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

         Samsung ဟာ high-end ဗားရှင်းတွေနဲ့upper mid-range ဖုန်းတွေမှာ သုံးထားတဲ့ quality ပေါ်လိုက်ပြီး ဈေးလည်း ခွာထားတာပါ။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဟာ ရောင်းအားနှေးကွေးမှုနဲ့ကြုံလာချိန်မှာ အိန္ဒိယလို Samsung ရဲ့ အဓိက ဈေးကွက်ကတော့ စမတ်ဖုန်း ဝယ်လိုအား မြင့်လာသလို တန်ဖိုးသင့်ဖုန်းတွေအပေါ်လည်း အကြိုက်တွေ့လာပါတယ်။ တစ်ခုရှိတာက အိန္ဒိယရဲ့ ထိပ်တန်း စမတ်ဖုန်း ၅ မျိုးစာရင်းမှာ သုံးခုဟာ တရုတ် brand တွေ ဖြစ်နေပြီး brand ချင်း ယှဉ်ပြိုင်မှုလည်း ပြင်းထန်နေပါတယ်။

         Galaxy J စီးရီးကို A lineup တွေ ပေါင်းစပ်ပြီး Samsung အနေနဲ့ဈေးနှုန်းအမျိုးစုံနဲ့ဖုန်းစီးရီး အစုံကို ထုတ်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။ လာမယ့် ဧပြီ ၁၀ ရက်နေ့မှာ Samsung ဟာ Galaxy Event တစ်ခု လုပ်ဆောင်သွားမှာ ဖြစ်လို့ဒီပွဲမှာ Galaxy ဖုန်းတွေရဲ့ အနာဂါတ် ဈေးကွက်အာရုံစိုက်မှု ပုံစံသစ်ကို မြင်ရဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က