3.5mm နားကြပ်ပေါက် ဖြုတ်သွားဖို့ရှိပါတယ်။
Nyein Min Wai

     သြဂုတ်လ ၁၀ ရက်နေ့မိတ်ဆက်သွားမယ်လို့ခန့်မှန်းထားတဲ့ Samsung Galaxy Note 10 ရဲ့ renders ပုံတွေ ထွက်ပေါ်လာခဲ့ပြီး Pro ဗားရှင်းရဲ့ ဒီဇိုင်းတွေပါ မြင်ရပြီ ဖြစ်ပါတယ်။


         Samsung ဟာ ဒီနှစ်ထဲမှာ Galaxy Note 10 နဲ့Note 10 Pro ဆိုပြီး မော်ဒယ်နှစ်မျိုး ကြေညာသွားမှာ ဖြစ်ပြီး ဒီမော်ဒယ်နှစ်မျိုးမှာ ကြီးကြီးမားမား ခြားနားမှုတော့ ရှိမှာ မဟုတ်ပါဘူး။ နာမည်ကျော် စမတ်ဖုန်း သတင်းလိုက်တဲ့ OnLeaks မှာ Galaxy Note 10 ဟာ ကျောဘက်မှာ ထောင်လိုက် triple lens ကင်မရာများ သုံးသွားပြီး Pro မော်ဒယ်မှာတော့ quad lens လို့ခေါ်နိုင်တဲ့ ကင်မရာ ၄ လုံးတွဲစနစ် သုံးသွားမယ်လို့ဖော်ပြထားပါတယ်။

Photo: forbes

         Galaxy Note 10 Pro ရဲ့ စတုတ္ထမြောက်ကင်မရာ 3D ToF sensor ဖြစ်ပြီး အရွယ်အစားအားဖြင့်လည်း Pro မော်ဒယ်ဟာ ရိုးရိုးဗားရှင်းထက် နည်းနည်း ပိုကြီးဖို့ရှိပါတယ်။ သတင်းတွေမှာတော့ Galaxy Note 10 ဟာ မျက်နှာပြင် ၆.၃ လက်မရှိပြီး Pro ဗားရှင်းဟာ ၆.၇၅ လက်မအရွယ်အစားနဲ့ထွက်လာမယ်လို့ဆိုပါတယ်။ အရွယ်အစားမတူပေမယ့် screen resolution တူပြီး ဘက်ထရီပါဝါမှာ ကွာသွားဖို့ရှိပါတယ်။

         လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ Galaxy Note 10 ဟာ HDR 10+ Dynamic AMOLED screen နဲ့လာမှာ ဖြစ်ပြီး ရုပ်ထွက် resolution မှာ 1440 x 2040p ပါမယ်လို့ဆိုထားပါတယ်။ ဒီဖုန်းတွေဟာ Snapdragon 855 processor နဲ့Exynos 9820 processor တို့ကို ဈေးကွက်လိုက်ပြီး သုံးသွားမှာ ဖြစ်ပါတယ်။ RAM 12GB အထိ သုံးသွားဖို့ရှိပြီး 4500 mAh ဘက်ထရီဟာ 45W fast charging ပံ့ပိုးမှု ပါလာမယ်လို့ဆိုပါတယ်။

         ဖုန်းနှစ်မျိုးစလုံးဟာ display အောက်မှာ punch hole ကင်မရာပေါက်ပါပြီး အောက်ခြေမှာ USB C port ပါပေမယ့် 3.5mm headphone jack မသုံးတော့ဘူးလို့သတင်းထွက်ထားပါတယ်။ fingerprint scanner ကိုလည်း ဖုန်း screen အောက်မှာ မြှပ်ထားဖို့ရှိပြီး ကိုယ်ထည်ဒီဇိုင်းကတော့ လေးထောင့်စပ်စပ် ဒီဇိုင်းနဲ့လာဖို့ရှိနေပါတယ်။ Galaxy Note 10 ဖုန်းတွေဟာ 5G ရတဲ့ ဖုန်းတွေ အနေနဲ့ထွက်လာမှာ ဖြစ်လို့ကမ္ဘာ့အကောင်းဆုံး 5G ဖုန်းတွေ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

 
       Photo: arstechnica


         Samsung ဟာ ပုံမှန်အားဖြင့် သူ့ရဲ့ Galaxy Note series ဖုန်းသစ်တွေကို သြဂုတ်လဆန်းမှာ ကြေညာလေ့ရှိပြီး Galaxy Note 9 ကို ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က မိတ်ဆက်ခဲ့လို့ဒီနှစ်မှာ ထွက်မယ့် Galaxy Note 10 ကို သြဂုတ်လ ၁၀ ရက်နေ့မှာ ကြေညာမယ်လို့မျှော်လင့်ရပါတယ်။


Author


က္က