သြဂုတ်လ ၇ ရက်နေ့မှာ မိတ်ဆက်မယ့် ဖုန်းပါ

သြဂုတ်လဆန်းပိုင်းမှာ တရားဝင် မိတ်ဆက်သွားမယ့် Galaxy Note 10 အတွက် Samsung ဟာ အထူး အစီအစဉ်တစ်ခု လုပ်ထားပါတယ်။

ဒီအစီအစဉ်ကတော့ Galaxy S10 series ဖုန်းများ ၊ iPhone X နဲ့Pixel ဖုန်းများနဲ့Galaxy Note 10 ကို လဲလှယ်ဝယ်ယူနိုင်မယ့် အစီအစဉ်ဖြစ်ပြီး Android Police သတင်းအရ ဒီဖုန်းတွေနဲ့Galaxy Note 10 လဲမယ်ဆိုရင် ဒေါ်လာ ၆၀၀ အထိ သက်သာမယ်လို့ဆိုပါတယ်။ Galaxy Note 10 အလိုက်ပေး လဲပေးမယ့် အစီအစဉ်ကို Apple ၊ Google နဲ့Samsung ဖုန်းတွေအတွက်ပဲ ကန့်သတ်ထားတာပါ။



Photo: Android Police

အလိုက်ပေးချိန်မှာ ဒေါ်လာ ၆၀၀ အထိ သက်သာမယ့် ဖုန်းတွေကတော့ Samsung Galaxy Note 9 နဲ့iPhone X ၊ Pixel 3 series ဖုန်းတွေ ပါဝင်နေပါတယ်။ Galaxy S7 series နဲ့Google Pixel ဖုန်းတွေနဲ့လာလဲမယ်ဆိုရင် ဒေါ်လာ ၂၀၀ သက်သာပြီး iPhone 6s ဖုန်းတွေကတော့ ဒေါ်လာ ၂၅၀ လျှော့ဈေးရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီ trade-in အစီအစဉ်ဟာ ဖုန်းရဲ့ အနေအထားနဲ့တစ်ခြား အကြောင်းတွေကိုလည်း ကြည့်ပြီး ဈေးဖြတ်သွားဖို့လည်း ရှိပါတယ်။

Samsung.com သုံးပြီး ဖုန်းသစ်နဲ့တွဲ သုံးရမယ့် accessorie တွေ ဝယ်သူတွေကိုလည်း ဒေါ်လာ ၅၀ ခရစ်ဒစ်ပေးသွားမယ်လို့ဆိုပါတယ်။ Samsung ဟာ Galaxy Note 10 series ဖုန်းအတွက် အော်ဒါကြိုမှာဖို့စာရင်းသွင်းသူတွေကိုလည်း storage နဲ့ကာလာကို အကြိုက် ရွေးခွင့်ပေးသွားမှာပါ။ Samsung Galaxy Note 10 ဟာ ကျောဘက်မှာ ထောင်လိုက် ကင်မရာ ၃ လုံးတွဲ စနစ်နဲ့လာဖို့ရှိပြီး punch hole ကင်မရာနဲ့under-display fingerprint scanner များ သုံးသွားမယ်လို့သတင်းများ ထွက်ပေါ်နေပါတယ်။

Photo: Android Police

ဒီနှစ် Galaxy Note series မှာ Galaxy Note 10 အပြင် Galaxy Note 10 Pro (or Plus) နဲ့အတူ 5G မော်ဒယ် Galaxy Note 10 စမတ်ဖုန်းတစ်မျိုးလည်း ကြေညာသွားဖို့ရှိနေပါတယ်။ Galaxy Note 10 အတွက် ဖိလစ်ပိုင်မှာ VIP pre-order ပရိုဂရမ်တစ်ခုအဖြစ် အထူးလက်ဆောင်တွေနဲ့ကူပွန်တွေ ပေးမယ့် ရွေးစရာ ၃ ခု ပေးထားပြီး ဘယ်လို option နဲ့ပဲ ရွေးရွေး ဖိလစ်ပိုင် ပီဆို ၂၇၉၉ တန် Wireless Combo Charger တစ်ခု အခမဲ့ ပေးသွားမယ်လို့ဆိုပါတယ်။

Samsung ရဲ့ ၂၀၁၉ flagship မော်ဒယ် Galaxy Note 10 ဟာ လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က