Virtual event အဖြစ် ကျင်းပသွားမှာပါ

Galaxy Fold ဖုန်းသစ်အပါအဝင် Samsung ရဲ့ နောက်ထပ် flagship ဖုန်းတွေ မိတ်ဆက်မယ့် Unpacked event ပွဲကျင်းပမယ့်ရက်ကတော့ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Galaxy Note 20 ဖုန်းသစ်တွေကို မိတ်ဆက်သွားမယ့် Unpacked 2020 ပွဲကို အရှေ့တိုင်းစံတော်ချိန် မနက် ၁၀ နာရီ ဩဂုတ်လ ၅ ရက်နေ့မှာ ကျင်းပသွားမယ်လို့ Samsung မှ တရားဝင်ကြေညာပါတယ်။ မိတ်ဆက်ပွဲကို Samsung ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ပေါ်မှာ Livestream လွှင့်ပြီး ကြေညာသွားမယ်လို့ ဆိုပါတယ်။





ဒီနှစ်ထဲ ထွက်လာမယ့် Galaxy Note 20 Ultra ဟာ Mystic Gold ကာလာသစ် သုံးသွားဖို့ ရှိပါတယ်။ Galaxy S20 Ultra လိုမျိုး Space Zoom အဆင့်မြင့်ကင်မရာစနစ်ကိုလည်း Note 20 စီးရီးမှာ သုံးလာဖို့ ရှိနေပါတယ်။ ကင်မရာအနေနဲ့ ပယ်ရီစကုပ်စတိုင် lens တွေအပါအဝင် သုံးလုံးတွဲ ကင်မရာစနစ်နဲ့ လာပြီး 3D ToF sensor ဒါမှမဟုတ် laser autofocus တစ်ခုခုလည်း ထည့်သွင်းလာနိုင်ပါတယ်။ 

Samsung ဟာ Galaxy Note 20 မှာ Note စီးရီးရဲ့ အထင်ကရအမှတ်အသားတစ်ခုဖြစ်တဲ့ S Pen ကိုလည်း အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်။ နောက်ထပ်မြင်ရနိုင်တဲ့ အချက်အလက်တွေကတော့ 5G တစ်ခါတည်း ပါဝင်မယ့် Snapdragon 865 processor နဲ့ 120Hz refresh rate ပါ dispaly တို့ ဖြစ်ပြီး Galaxy Note 20 ၊ Note 20 Plus နဲ့ Note 20 Ultra မော်ဒယ် ၃ မျိုး ကြေညာသွားဖို့ ရှိပါတယ်။

ဩဂုတ်လ ၅ ရက် Unpacked ပွဲမှာ ဒုတိယမျိုးဆက် Galaxy Fold သစ်ကိုလည်း မိတ်ဆက်နိုင်ပါတယ်။ 5G ကွန်ရက်ချိတ်ဆက်နိုင်မယ့် Galaxy Z Fold 2 သစ်ဟာ အတွင်းမျက်နှာပြင် ၇.၇ လက်မ ၊ cut-out camera စနစ်နဲ့ လာမယ်လို့လည်း သတင်းများ ထွက်ပေါ်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က