မြန်မာငွေ ၅ သောင်းခွဲကျော် သက်သာမှာပါ

Samsung ဟာ Galaxy Note 20 စီးရီးကို အရင် Note 20 ‌မော်ဒယ်တွေထက် ပိုသက်သာတဲ့ ဈေးနှုန်းနဲ့ ဖြန့်ချိသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း စမတ်ဖုန်းဝယ်လိုအားကျဆင်းလာနိုင်မှုကို တုန့်ပြန်ဖို့ Samsung ဖုန်းသစ်တွေကိူ ဈေးချပေးသွားဖို့ ရှိပါတယ်။ တောင်ကိုရီးယားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Naver ကတော့ Galaxy Note 20 ဟာ ကိုရီးယားဝမ် ၁.၂ သန်း (မြန်မာငွေ ၁၃ သိန်းခွဲကျော်) ဈေးနဲ့ စတင်ရောင်းချသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။



Photo: GadgetMatch

Galaxy Note 10 ကို မိတ်ဆက်ချိန်မှာ ကိုရီးယားဝမ် ၁.၂၅ သန်း (မြန်မာငွေ ၁၄ သိန်းကျော်) ဈေးနဲ့ စတင် ဖြန့်ချိခဲ့တာပါ။ ဒီသတင်းမှာပဲ Galaxy Note 20 Ultra ကို ဝမ် ၁.၄၅ သန်း (မြန်မာငွေ ၁၆ သိန်းခွဲ) ဈေးနဲ့ ရောင်းချသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ Galaxy Note 20 နဲ့ Note 20 Plus တို့ဟာ ဝမ် ၅ သောင်း (မြန်မာငွေ ၅ သောင်းခွဲကျော်) ဈေးသက်သာမယ်လို့ Naver က ဖော်ပြထားပါတယ်။

Galaxy Note 20 ဖုန်းသစ်တွေ ဈေးချပေးသွားမယ့် အစီအစဉ်ဟာ တောင်ကိုရီးယားပြင်ပ ကမ္ဘာ့ဈေးကွက်ပေါ်ပါ သက်ရောက်မှု ရှိမလားဆိုတာ မသိရသေးပါဘူး။ ဈေးတွေ လျှော့ချပေးထားပေမယ့် Galaxy Note 20 စီးရီးရောင်းအားဟာ ကျဆင်းဖို့ ရှိတယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ၂၀၂၀ ထွက် premium ဗားရှင်းဖြစ်တဲ့ Galaxy S20 စီးရီးရောင်းအားဟာ Galaxy S10 စီးရီးရောင်းအားရဲ့ ၈၀% ပဲ ရှိတယ်လို့ ဆိုပါတယ်။

လာမယ့်ဩဂုတ်လ ၅ ရက်နေ့မှာ Samsung ဟာ Galaxy Fold 2 ၊ Galaxy Z Flip 5G တို့နဲ့အတူ Galaxy Note 20 ဖုန်းသစ်တွေကို ကြေညာသွားမှာ ဖြစ်ပါတယ်။ မကြာခင်မြင်ရမယ့် Galaxy Note 20 ဖုန်းသစ်တွေဟာ နောက်ဆုံးပေါ် flagship Snapdragon processor သုံးထားပြီး 120Hz refresh rate ပါလာမယ်လို့လည်း သတင်းထွက်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က