Galaxy S8/S9 နဲ့Galaxy Note 9 တို့မှာလည်း သုံးနိုင်တော့မှာပါ
Nyein Min Wai

Samsung ဖုန်းတွေထဲမှာ Bixby စနစ်ကို သုံးလာတာ Galaxy S10 series သစ်တွေဟာ တတိယမြောက် lineup မော်ဒယ်တွေ ဖြစ်ပေမယ့် Bixby ခလုတ်ကို သုံးစွဲသူအကြိုက် customize လုပ်လို့ရတဲ့အပိုင်းမှာတော့ ပထမဆုံးလို့ပြောနိုင်ပါတယ်။

         Galaxy S8 မှာကတည်းက Bixby button ဟာ စိတ်ရှုပ်စရာ ဖြစ်နေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ Galaxy S8 ကို စပြီး မိတ်ဆက်ချိန်က Bixby အသံအကူနည်းပညာက သုံးလို့မရသေးပါဘူး။ Bixby ဟာ Google Assistant နှင့် Alexa တို့ကို ယှဉ်ပြိုင်ဖို့Samsung ကနေ ကိုယ်ပိုင် အသံနည်းပညာအဖြစ် ထုတ်ထားတဲ့ နည်းပညာ ဖြစ်ပါတယ်။

Photo: TNW

ဒီနည်းပညာကို စတင်မိတ်ဆက်ခဲ့ချိန်က Bixby ဟာ အင်္ဂလိပ် ၊ ကိုရီးယားနဲ့မန်ဒရင်းတရုတ်စကားဆိုပြီး ဘာသာစကား ၃ မျိုးပဲ ပံ့ပိုးပေးခဲ့ပေမယ့် Bixby 2.0 မှာတော့ ဂျာမန် ၊ အီတလီနဲ့စပိန်စကားသစ်များ ထည့်သွင်းလာခဲ့ပါတယ်။ အသံအကူ AI နည်းပညာဖြစ်တဲ့ Bixby ထဲမှာ Bixby Voice အပြင် Bixby Home ၊ Bixby Vision နဲ့Bixby Reminders ဆိုပြီး နည်းလမ်း mode လေးမျိုးနဲ့သုံးနိုင်ပါတယ်။

         Bixby button ဟာ ဖုန်းကိုယ်ထည်ရဲ့ ဘယ်ဘက်မှာ ပါပြီး မတော်တဆ ဖိနှိပ်မိတာကြောင့် မလိုလားအပ်တာတွေ ခဏခဏ ဖြစ်နိုင်ပါတယ်။ ဒီချို့ယွင်းချက်ကို ပြန်ပြင်ဖို့အတွက် Galaxy S10 မှာ Bixby ခလုတ်ကို လိုသလို ချိန်ညှိနိုင်မယ့် စနစ် ထည့်သွင်းလာပါတယ်။ Bixby Key Customization စနစ်မှာ Bixby button ကို တစ်ကြိမ်ဖြစ်စေ နှစ်ကြိမ်ဖြစ်စေ ဖိပြီး တစ်ခြား third party app တစ်ခု ဖွင့်နိုင်တော့မှာပါ။

Photo: The Verge

         Bixby ခလုတ်ကို အပြီးတိုင် ဖယ်ရှားတာ မဟုတ်ပေမယ့် သုံးစွဲသူတွေအနေနဲ့တစ်ခြား app ကို shortcuts အနေနဲ့settings ချိန်ထားလို့ရပြီ ဖြစ်ပါတယ်။ Samsung အနေနဲ့ကုမ္ပဏီရဲ့ interface သစ်ဖြစ်တဲ့ One UI သစ်နဲ့လာတဲ့ Android 9 Pieသုံးတဲ့ ဖုန်းသစ်တွေမှာ Bixby button ကို လိုသလို customize လုပ်နိုင်မယ်လို့ကြေညာထားပါတယ်။ ဒီ feature ကို Bixby နည်းပညာ ပါတဲ့ Galaxy S8/S9 နဲ့Galaxy Note 9 တို့မှာ software update ကနေ ထည့်ပေးသွားဖို့ရှိပါတယ်။


က္က