foldable ဖုန်းပါ မိတ်ဆက်သွားဖို့ရှိပါတယ်။

ဒီဇိုင်းအပြောင်းအလဲများအပြင် နည်းပညာသစ်တွေ သုံးလာမယ်လို့သတင်းထွက်ထားတဲ့ Galaxy S10 ဖုန်းသစ်တွေကို ဆန်ဖရန်စစ္စကိုမှာ မိတ်ဆက်သွားတော့မှာပါ။

  

Photo: GSMArena



       ဆယ်နှစ်ပြည့် Galaxy စမတ်ဖုန်းတွေနဲ့အတူ နှစ်ပေါင်းများစွာ ကောလာဟလဖြစ်ခဲ့တဲ့ function အပြည့်နဲ့ခေါက်သိမ်းနိုင် စမတ်ဖုန်းကိုလည်း ဒီပွဲမှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ ဖိတ်စာမှာ ဂဏန်းနံပါတ် ၁၀ ကို ထင်းနေအောင် ပြထားပါတယ်။ Wall Street Journal ရဲ့ သတင်းတစ်ပုဒ်မှာ Samsung ဟာ Galaxy S10 ကို ဗားရှင်း သုံးမျိုးနဲ့ကြေငြာသွားမှာ ဖြစ်တဲ့အပြင် 5G ရတဲ့ စတုတ္ထမြောက်မော်ဒယ်ကိုလည်း မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

         ဆန်ဖရန်စစ္စကို Bill Graham Civic Auditorium ခန်းမမှာ နောက်ထပ် မြင်ရမယ့် ထူးထူးခြားခြား ဖုန်းတစ်လုံးက မကြာသေးခင်က နမူနာမိတ်ဆက်သွားတဲ့ foldable phone ဖြစ်မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ Infinity Flex Display နည်းပညာသစ်နဲ့အတူ One UI သစ်ကို သုံးလာတဲ့ ဒီဖုန်းကို Galaxy F လို့နာမည်ပေးသွားဖို့ရှိပြီး အနည်းဆုံး အလုံးရေ ၁ သန်းနဲ့စတင် ထုတ်လုပ်ရောင်းချသွားမှာပါ။

         ဖေဖော်ဝါရီလထဲမှာ ကျင်းပမယ့် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းပြပွဲကြီး တစ်ခု ဖြစ်တဲ့ Mobile World Congress ပွဲမတိုင်ခင် Galaxy Unpacked ပွဲကို Samsung အနေနဲ့ကြိုပြီး မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ MWC 2019 ပွဲမှာ ကြီးစိုးသွားမယ့် နည်းပညာက မျိုးဆက်သစ် ကွန်ရက်နည်းပညာ ဖြစ်တဲ့ 5G ပါ။ ဒီတော့ Samsung ရဲ့ 5G ဖုန်းကလည်း ဒီပွဲမတိုင်ခင်မှာ လူစိတ်ဝင်စားမှုမြင့်မယ့်ဖုန်းတစ်လုံးအဖြစ် ဈေးကွက်ရဲ့ အာရုံစိုက်မှု ခံရဖို့ရှိပါတယ်။

Photo: 9to5Google


         ပုံမှန် Galaxy S series တွေကို မော်ဒယ် ၂ မျိုးပဲ ကြေငြာလေ့ရှိရာကနေ ဒီနှစ်ထဲမှာ Galaxy S10 Lite ၊ Galaxy S10 နဲ့Galaxy S10 Plus ဆိုပြီး ဗားရှင်းသုံးမျိုးကို မြင်ရဖို့ရှိတယ်လို့နာမည်ကျော် သုတေသီ မင်ချိကုအိုက ဆိုပါတယ်။ အနိမ့်ဆုံး Galaxy S10 Lite ဟာ မျက်နှာပြင် ၅.၈ လက်မ ရှိပြီး Galaxy S10/S10 Plus တို့ကတော့ ၆.၁ လက်မနဲ့၆.၄ လက်မစီ ရှိမယ်လို့လည်း သူက ခန့်မှန်းထားပါတယ်။

         သေချာတာက ဒီဖုန်းတွေဟာ punch hole လို့ခေါ်တဲ့ ကင်မရာပေါက်နဲ့လာတဲ့ selfie စနစ်တွေ သုံးသွားမှာ ဖြစ်ပြီး display စတိုင်ကလည်း Infinity O သစ်ကို သုံးသွားမှာပါ။ Samsung အနေနဲ့ဒီနှစ်ထွက် စမတ်ဖုန်းသစ်တွေမှာ မှန်ပြင်အောက်လက်ဗွေနည်းပညာသုံးသွားမလားဆိုတာကတော့ စောင့်ကြည့်ရမယ့် အချက်ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ Samsung ဟာ interface သစ်ဖြစ်တဲ့ One UI ကို Android 9 Pie နဲ့တွဲသုံးလာမှာကလည်း ထူးခြားနေပါတယ်။




         အသေးစိတ်သတင်းအတိအကျကိုတော့ ဖေဖော်ဝါရီလ ၂၀ ရက်မှာ သိရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က